မင်းဘူးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

 

မင်းဘူး  ဩဂုတ်  ၆


မကွေးတိုင်းဒေသကြီး  မင်းဘူးမြို့၌  ကျောင်း စာကြည့်တိုက်များ     ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကို ယခုလ အတွင်း  မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌  စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ရာ  အဆိုပါပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး    ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၅ ရက် က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန စုပေါင်းရုံး၌ ကျင်းပသည်။


အစည်းအဝေးတွင်   မင်းဘူးခရိုင်  အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းဝင်းက ပြည်ထောင်စု အဆင့် ပွဲတော်ကျင်းပရာတွင်    ဆောင်ရွက်ရ မည့်  လုပ်ငန်းစဉ်များကို   ဦးစွာရှင်းလင်းပြောကြား ပြီး   တိုင်းဒေသကြီး   ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန       တိုင်းဒေသကြီးဦးစီးမှူး  ညွှန်ကြားရေးမှူး  ဦးကျော်ခိုင်ဦးက ကျောင်း စာကြည့်တိုက်များ      ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်    ကျင်းပရခြင်း  ရည်ရွယ်ချက်များကို     ရှင်းလင်းပြောကြား သည်။


ဆက်လက်ပြီး တက်ရောက်လာကြသူများ က ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အခြေအနေ များ  တင်ပြမှုအပေါ်   တာဝန်ရှိသူများက လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။


ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့်       စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌       ဩဂုတ်လဒုတိယပတ်အတွင်း ကျင်းပရန်    လျာထားဆောင်ရွက်လျက်ရှိ ကြောင်း၊   ပြိုင်ပွဲများ၊   ပြခန်းများ၊   စာအုပ် အရောင်းဆိုင်များ၊ ဂိမ်းကစားနည်းပြိုင်ပွဲမျိုးစုံ၊  စာပေဟောပြောပွဲများနှင့်    ဧည့်ခံဖျော်ဖြေပွဲ များဖြင့်     ကဏ္ဍအစုံအလင်    ထည့်သွင်းပြီး  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။    


မောင်မောင် (မင်းဘူး)