
နေပြည်တော် နိုဝင်ဘာ ၁၉
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် မင်္ဂလာဒုံမြို့နယ် အမှတ် (၃)လမ်းမကြီး ဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝင်/ထွက်ပေါက်၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အဖွဲ့ဝင်များ အား အမည် (စိစစ်ဆဲ) အမျိုးသားသုံးဦး မောင်းနှင်လာသည့် Probox ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်းတစ်ဦး၊ အပြစ်မဲ့ပြည်သူတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာများ အသီးသီးရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
တရားခံများအား ဖော်ထုတ်ဖမ်းဆီး
အထက်ပါ အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သော တရားခံများအား ဖော်ထုတ်ဖမ်းဆီး နိုင်ရေးဆောင်ရွက်ခဲ့ရာ အေးချမ်းစွာနေထိုင်လိုသော တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၂ ရက် တွင် အကြမ်းဖက်မှုဖြစ်စဉ်၌ အသုံးပြုခဲ့သည့် Probox ယာဉ်အားငှားရမ်းပေးခဲ့သည့် ဟန်လင်းသိန်း(ခ) ရဲလင်းသိန်း (၄၀နှစ်) အား မင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်ကျေးရွာ မိုးမခလမ်း ဆောင်းသဇင် အဆောင်၌ လည်းကောင်း၊ ၎င်းယာဉ်အား ငှားရမ်း ထားသည့် တင်ဇော်မြင့်(၂၉)နှစ်အား ကမာရွတ်မြို့ နယ် (၃)ရပ်ကွက် ပုလဲဂေဟာလမ်း၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံတင်ဇော်မြင့်၏ ထွက်ဆိုချက် အရ သန်းနိုင်(ခ)ဘဲဥ (၂၉ နှစ်)၊ ပြည့်စုံအောင်(ခ) အသေးလေး (၂၁ နှစ်)နှင့် လွင်မိုး (၂၃ နှစ်)တို့ သုံးဦး အား ကမာရွတ်မြို့နယ် (၃)ရပ်ကွက် ဗဟိုလမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ သန်းနိုင်(ခ)ဘဲဥ၏ ထွက်ဆိုချက်အရ ၎င်းတို့အဖွဲ့ ငှားရမ်းနေထိုင်သည့် ကမာရွတ်မြို့နယ် (၃) ရပ်ကွက် ပတ္တမြားလမ်း (၆)လွှာ အမှတ် (၁၇၂)၊ (ဘီ)အခန်းအား ဝင်ရောက်ရှာဖွေခဲ့ရာ ပစ်ခတ်မှု ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် M16 နှစ်လက်၊ ကျည် အိမ် ခုနစ်ခု၊ ၅.၅၆ ကျည်တောင့်၃၂၀ ၊ ကျည်ခွံ ၃၄ တောင့်၊ ၉ မမ ကျည် ၅၅ တောင့်၊ လမ်းလျှောက် စကားပြောစက် သုံးလုံး၊ အားသွင်းခုံ နှစ်ခု၊ ဓာတ်ခဲ ၁၅ လုံး၊ လက်အိတ် တစ်စုံတို့အား လည်းကောင်း၊ ကမာရွတ်မြို့နယ် (၃) ရပ်ကွက် ပတ္တမြားလမ်း တိုက်အမှတ် (၁၅၀) အခန်း(1/A)၌ ၉ မမ ကျည် တောင့် ၂၀၊ ၅.၅၆ ကျည်တောင့် ၂၀၊ ဒီတိုနေတာ ငါးချောင်း၊ ဒီတိုနေတာ ကြိုးခွေ လေးခွေ၊ icom ဘက်ထရီပတ် ၁၂ ခု၊ သံဘောစေ့ ၁၂ ဘူးပါကတ် ၂၀ ၊ icom အထိုင်စက် လေးလုံး၊ လမ်းလျှောက် စကားပြောစက် လေးလုံးနှင့် ဖောက်ခွဲရေးပစ္စည်းများ ထည့်ထားသော ဂက်စ်အိုးတစ်လုံးတို့အား သိမ်း ဆည်းရမိခဲ့ပြီး ဂက်စ်အိုးအား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ၅.၅၆ ကျည်တောင့် ၄၈၀ ၊ ဒီတိုနေတာချောင်း ၂၀ ၊ ယမ်းပြင်း ၃ ကီလိုဂရမ်တို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
တရားခံ သန်းနိုင်(ခ)ဘဲဥ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယမ်းများ သယ်ဆောင်ခဲ့ပြီး ပစ်ခတ် မှုဖြစ်စဉ်တွင်ပါဝင်သူ ဝေယံထက်နိုင် (၂၈ နှစ်)အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မန္တလေးလမ်း မီးပွိုင့်၌ ဖမ်းဆီးရမိခဲ့ပြီး တရားခံ ဝေယံထက်နိုင်၏ ထွက်ဆိုချက်အရ လသာမြို့နယ် (၁)ရပ်ကွက် ၂၃ လမ်းထိပ် အမှတ်(၆၀၄)အား ဝင်ရောက်ရှာဖွေခဲ့ရာ မျိုးနိုင်(၅၈)နှစ်အား PDF အဖွဲ့များအား ထောက်ပံ့ သည့် နိုင်ငံခြားဆေးပစ္စည်းမျိုးစုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထပ်မံသိမ်းဆည်းရမိ
နိုဝင်ဘာလ ၁၄ ရက်တွင် တရားခံ မျိုးနိုင်၏ ထွက်ဆိုချက်အရ (Myanmar Underground Revolution Movement-MURM) အဖွဲ့မှ ဖမ်းဆီး ရန် ကျန်တရားခံ မမေ(ခ) မိုးသူခိုင်(ခ)မေသက်ခိုင် ငှားရမ်းနေထိုင်သည့် မြောက်ဒဂုံမြို့နယ် သမာဓိ လမ်း အမှတ်(၃၉/၂၉၉)အား ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်လုပ်ငန်းများနှင့် ဖောက်ခွဲရေး လုပ်ငန်း များတွင် အသုံးပြုသည့် ပွိုင့် ၃၈၀ ကျည်တောင့် ၅၀၊ ကျည်အိမ်နှစ်ခု၊ လက်လုပ်ဗုံး သုံးလုံး၊ ဒီတိုနေတာ သုံးခု၊ လက်လုပ်ယမ်း ၂၅ ထုပ်၊ ယမ်းကြိုးများ၊ လက်လုပ်ယမ်းမှုန့်(၃၀ ကျပ်သားခန့်) တစ်ထုပ်၊ အက်စစ် ၅ ဂါလန် လေးပုံး၊ ဓာတုဗေဒသုံး ဖန်ပြွန်ချိန် ခွက် ၁၇ ခု၊ ဖန်ပြွန် လေးခု၊ ကြေးပိုက် ၁၅ ချောင်း၊ ပိုတက်ဆီယံနိုက်ထရိတ် (၂၅ ကီလို) တစ်အိတ်၊ ဂက်စ်အိုး ကိုးလုံး၊ ဝရိန်စက် တစ်လုံး၊ MPT ဆင်း ကတ် ခု ၃၀ ၊ Keypad ဖုန်း ၁၁ လုံး၊ မှတ်ပုံတင်အတု ၁၁ ခု၊ ဓာတ်ခဲပါ ရီမုမိုင်းခလုတ်ခု ၂၀ တို့အား ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ အမျိုးသား ခုနစ်ဦး၊ M 16 ၂ လက်၊ ကျည်အိမ် ၉ ခု၊ ၅.၅၆ ကျည်တောင့် ၈၂၀ ၊ ပွိုင့် ၃၈၀ ကျည်တောင့်် ၅၀ ၊ ကျည်ခွံ ၃၄ တောင့်၊ ၉ မမကျည် ၇၅ တောင့်၊ လက်လုပ်ဗုံး သုံးလုံး၊ ဒီတို နေတာ ၂၈ ချောင်း၊ ဒီတိုနေတာကြိုးခွေ လေးခွေ၊ ယမ်းပြင်း ၃ ကီလိုဂရမ်ခန့်၊ သံဘောစေ့ ၁၂ ဘူးပါ ၂၀ ကတ်၊ လမ်းလျှောက်စကားပြောစက် ခုနစ်လုံး၊ icom အထိုင်စက် လေးလုံး၊ ဆေးမျိုးစုံနှင့် ဖောက်ခွဲ ရေးနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ သည်။
အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့
တရားခံ သန်းနိုင်(ခ)ဘဲဥ (Fight For Freedom- FFF) အဖွဲ့၏ ထွက်ဆိုချက်အရ ဂျပန်နိုင်ငံတွင် မြန်မာထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေသော ဖမ်းဆီး ရန်ကျန် တရားခံ သန်းထိုက်စိုး(ခ)စိုးကြီးသည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၊ CRPH တို့နှင့် ဆက်သွယ်၍ မြန်မာနိုင်ငံအတွင်းရှိ အကြမ်း ဖက်အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သန်းထိုက်စိုး(ခ)စိုးကြီး အနေဖြင့် NUG မှ လွင်ကို လတ် ပြုလုပ်သော Zoom Meeting များတွင် တက်ရောက်၍ အကြမ်းဖက်အဖွဲ့များအား ငွေကြေး ထောက်ပံ့မှုအခြေအနေများအား ပြောကြားရ ကြောင်းနှင့် ၎င်းသည် FFF အဖွဲ့အပြင် အခြား အကြမ်းဖက်အဖွဲ့များအားလည်း ထောက်ပံ့ပေး လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ဝေယံထက်နိုင်သည် မမေ(ခ) မိုးသူခိုင် (ခ)မေသက်ခိုင် ဖွဲ့စည်းထားရှိသော MURM မှ ဖြစ်ပြီး တရားခံ လွင်မိုး မှာ ပဲခူး PDF အဖွဲ့မှ ဖြစ်ကာ ၎င်း သည် မိုးသီဟနှင့်အတူ KNLA တပ်မဟာ ၁ နယ်မြေ အတွင်း အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းအား တက်ရောက်ခဲ့ကြောင်းနှင့် တရားခံ မျိုးနိုင်သည် မမေ(ခ)မိုးသူခိုင် (ခ)မေသက်ခိုင် အား အောက်တိုဘာလအတွင်း မြောက်ဒဂုံမြို့နယ်၌ Safe House အဖြစ် လုံးချင်းတိုက်ခန်းအား ငှားရမ်းအသုံးပြုရန် ငွေကြေးများ ထောက်ပံ့ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
အကြမ်းဖက် ပစ္စည်းများသယ်ဆောင်
စက်တင်ဘာလကုန်ခန့်တွင် သန်းထိုက်စိုး(ခ) စိုးကြီး သည် မြဝတီမြို့နေ ဖမ်းဆီးရန်ကျန် တရားခံ ဂျပန်နှင့် ချိတ်ဆက်၍ တရားခံ သန်းနိုင်(ခ)ဘဲဥ ဦးဆောင်သည့် (FFF)အဖွဲ့အတွက် လက်နက်/ ခဲယမ်းများအား ပို့ဆောင်ခဲ့ကြောင်းနှင့် လက်နက်/ ခဲယမ်းများအား သယ်ယူရာတွင် အောက်ဆီဂျင်အိုးများ အတွင်း သိုဝှက်ကာ သယ်ဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် လက်ရှိ ကိုဗစ်-၁၉ ရောဂါ အခြေ အနေအရ ပြည်သူလူထုအနေဖြင့် အောက်ဆီဂျင်အိုးများ ပြတ်လပ်မှု မရှိစေရေး ကျန်းမာရေးအထောက် အကူပြုပစ္စည်းအဖြစ် လုံခြုံရေး ဖြေလျှော့ပေးမှုအား အခွင့် ကောင်းယူကာ အကြမ်းဖက် ပစ္စည်းများအား သယ်ဆောင်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
FFF အဖွဲ့နှင့် MURM အဖွဲ့ တို့ ပူးပေါင်း၍ အကြမ်းဖက် လုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အောက်တိုဘာလ ၅ ရက်တွင် တရားခံ သန်းနိုင်(ခ)ဘဲဥ ၊ ပြည့်စုံအောင်(ခ) အသေးလေးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုရဲ တို့မှ မင်္ဂလာဒုံမြို့နယ် သင်္ဃန်း ကျွန်းကြီးကျေးရွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့ရှိ လုံခြုံ ရေးအဖွဲ့များအား ပစ်ခတ်ရန် အခြေအနေ ကြည့်ရှုခဲ့ပြီး MURM အဖွဲ့မှ ကိုရဲ အပါ ငါးဦးနှင့် FFF အဖွဲ့မှ သန်းနိုင်(ခ) ဘဲဥ၊ တင်ဇော်မြင့်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ရှမ်းလေး၊ ဝေယံထက် (ခ) သူရ တို့လေးဦး ပေါင်းကိုးဦးတို့ဖြင့် လုံခြုံရေး အဖွဲ့များအား ပစ်ခတ်ရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ နိုဝင်ဘာ လ ၇ ရက်တွင် MURM အဖွဲ့မှ နှစ် ဦးသည် အခြေအနေစောင့်ကြည့် ခြင်းများ ပြုလုပ်ပြီး တရားခံ သန်းနိုင်(ခ)ဘဲဥ၊ တင်ဇော်မြင့်တို့ နှစ်ဦးသည် Probox (အဖြူရောင်)ဖြင့် လည်းကောင်း၊ ဝေယံထက် (ခ)သူရ၊ ရှမ်းလေးနှင့် ကိုရဲနှင့် စိစစ်ဆဲ အမျိုးသားနှစ်ဦး တို့သည် Probox (ခဲရောင်)ဖြင့် လည်း ကောင်း သွားရောက်၍ Probox (ခဲရောင်)ပေါ်မှ M-16 သေနတ် နှစ်လက်ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး သန်းနိုင် (ခ)ဘဲဥ မှ လက်နက်/ ခဲယမ်းများအား ပြန်လည် သိမ်းယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အပြစ်မဲ့ပြည်သူအား ပစ်ခတ်
အောက်တိုဘာလ ၂၈ ရက် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်း ကြီးကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဖိုးချိုအား MURM အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၈ ရက်တွင် တရားခံ သန်းနိုင် (ခ)ဘဲဥသည် ဝေယံ ထက်(ခ) သူရ ထံတွင် ရှိသည့် ပစ္စတိုအား ဖမ်းဆီးရန်ကျန် တရားခံဖိုးကာ (ကမာရွတ်PDF) ထံသို့ ငှားရမ်းပေးခဲ့ပြီး သေနတ် ငှားရမ်းခအဖြစ် ဖိုးကာမှ FFF အဖွဲ့အား ငွေကျပ် ၅ သိန်း ပေးအပ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၉ ရက်တွင် အဆိုပါ ပစ္စတိုဖြင့် ကမာရွတ်မြို့နယ် (၅) ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ဒေါ်မြင့်မြင့်အေး (ခ)ဒေါ်ပြားကြီးအား ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းနှင့် နိုဝင်ဘာ လ ၁၀ ရက်တွင် ပစ္စတိုအား ဝေယံထက် (ခ)သူရ ထံပြန်လည် ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
သတင်းပေးတိုင်ကြားနိုင်
အဆိုပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ်တိုက်ဖျက် ကြရန်နှင့် ဆက်စပ်တရားခံများ အား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် ၎င်းတို့ ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာသတင်းပေးတိုင် ကြားနိုင်ပါကြောင်း၊ သတင်းပေး သူနှင့် ဖမ်းဆီးပေးသူများအား ဆုငွေများ ထိုက်တန်စွာ လျှို့ဝှက် ချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ ထားကြောင်း သက်ဆိုင်ရာမှ သိရသည်။
သတင်းစဉ်