မင်္ဂလာဒုံမြို့နယ်၌ လုယက်မှုကျူးလွန်သူ အမျိုးသား သုံးဦးအား အရေးယူထား

 

နေပြည်တော်  မေ   ၂၉


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ မေ ၂၇ ရက်က ဆိုင်ကယ်ဖြင့် လိုက်လံ၍ လုယက်မှုကျူးလွန်သူ အမျိုးသား သုံးဦးအား အရေးယူ ထားကြောင်း သိရသည်။ 

 


မေ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ထောက်ကြန့်မြို့ သတည်းကုန်း ရပ်ကွက်နေ  ဒေါ်တင်ဝင်း(၆၇ နှစ်)သည်  မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာထုတ်ယူပြီး နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် နေအိမ် အနီးအရောက်    ပျဉ်းမပင်ကျေးရွာ   မြဝတီစိုက်ခင်းရပ်ကွက်နေ မျိုးမင်းလတ်(ခ)ကတုံး(၂၉ နှစ်)၊ ထောက်ကြန့်မြို့ တိုးချဲ့(၂/၂)ရပ်ကွက် နေ အောင်မင်းဟိန်း(၁၇ နှစ်)နှင့် ရွှေပြည်သာမြို့နယ် ဘုံရွှေကုန်း ရပ်ကွက်နေ ငွေရကျော်(ခ)အငယ်ကောင်(၁၇ နှစ်)တို့  သုံးဦးတို့က ဆိုင်ကယ်တစ်စီးဖြင့်  လိုက်ပါလာပြီး  ဒေါ်တင်ဝင်း၏  ပင်စင်စာအုပ် တစ်အုပ်နှင့် ငွေကျပ် ၄၃၀၀၀ ထည့်ထားသည့် လွယ်အိတ်ကို လုယူ၍ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသဖြင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ က ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သောကြောင့်   အရေးယူပေးရန်   တိုင်တန်းချက် အရ  မျိုးမင်းလတ်(ခ) ကတုံးပါ  သုံးဦးအား    ထောက်ကြန့်နယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား