မင်္ဂလာတောင်ညွန့်မြို့နယ် သမိန်ဗရမ်းလမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွား၊ တစ်ဦးဒဏ်ရာရ

 

ရန်ကုန်    မေ   ၁၈


ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာ တောင်ညွန့်မြို့နယ်   ပုသိမ်ညွန့် ရပ်ကွက် သမိန်ဗရမ်းလမ်းမကြီး နှင့် ပုသိမ်ညွန့် ၅ လမ်းထောင့်တွင် မေ ၁၇ ရက် ည ၁၀ နာရီ  ၃၈ မိနစ် ခန့်က     ယာဉ်တိုက်မှုဖြစ်ပွား၍ လူတစ်ဦး ယာဉ်ပေါ်တွင် ညပ်နေ ကြောင်း   သိရသဖြင့်  မင်္ဂလာ တောင်ညွန့်  လူမှုကူညီကယ်ဆယ် ရေးကွန်ရက်မှ    လူမှုကူညီရေး အသင်းများက   ကူညီကယ်ဆယ် ဆောင်ရွက်ပေးကြောင်း     သိရ သည်။

 


အခင်းဖြစ်နေရာသို့ H RES- CUE  အဖွဲ့က လူနာအားအရေးပေါ် ပြုစုပေးခဲ့ပြီး  မင်္ဂလာတောင်ညွန့် မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် များက    ကယ်ထုတ်ပေးခဲ့သည်။ လူနာအမျိုးသားတွင် ယာခြေချင်း ဝတ်ကျိုး၊ ယာလက်ကောက်ဝတ် ကျိုး  ဒဏ်ရာရရှိပြီး   ပုသိမ်ညွန့် လူမှုကူညီကယ်ဆယ်ရေးအသင်း ယာဉ်ဖြင့်    ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့  ပို့ဆောင်ကူညီ ပေးခဲ့ကြောင်း သိရသည်။ 


ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်) ဓာတ်ပုံ-MTNT