မြင်းခြံမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးထားကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေ

နေပြည်တော်  ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး  မြင်းခြံ မြို့နယ် ကျောင်းဖြူကန်ကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ခန့်ကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထား ကြောင်းနှင့် တူရင်းဘို့ကျေးရွာမှ နေအိမ် ၁၂ လုံးကိုလည်း   မီးရှို့ ဖျက်ဆီးသွားခဲ့သည်ဟု  တရား မဝင်    ပြည်ဖျက်မီဒီယာများက သတင်းတု၊    သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက် ရှိသည်။
ဖြစ်စဉ်အမှန်မှာ   လုံခြုံရေး တပ်ဖွဲ့ဝင်များက   မြင်းခြံမြို့နယ် တူရင်းဘို့ကျေးရွာ၊  ကျောင်းဖြူ ကန်ကျေးရွာနှင့်  အနီးပတ်ဝန်း ကျင်များတွင်   နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်     ရှိသည်ကို ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန်    ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား    ထားခြင်းသာ ဖြစ်ပြီး ကျောင်းဖြူကန်ကျေးရွာမှ ဒေသခံပြည်သူများကို   ဖမ်းဆီး ခြင်းမရှိကြောင်းနှင့်   တူရင်းဘို့ ကျေးရွာတွင်လည်း    မည်သည့် မီးလောင်ပျက်စီးမှု ဖြစ်ပွားခြင်း မရှိကြောင်း  လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များသည် နယ်မြေလုံခြုံရေးဆောင် ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ်     ပြည်သူများ အထင်အမြင်     လွဲမှားစေရန် အတွက်      ဖြစ်စဉ်ဖြစ်ရပ်များ အပေါ် အခြေခံရေးသားထားသည့် သတင်းတု၊   သတင်းအမှားများ ကို  လူမှုကွန်ရက်စာမျက်နှာများ မှတစ်ဆင့် လှုံ့ဆော်ရေးသား ဝါဒ ဖြန့်ဝေနေခြင်းသာ   ဖြစ်ကြောင်း သိရသည်။                
သတင်းစဉ်