မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဇွန်  ၄
ပဲခူးတိုင်းဒေသကြီး      မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေလုံခြုံ‌ရေးဆောင်ရွက်လျက် ရှိသည့် လမ်းကြောင်းတစ်လျှောက်မှ ပြည်သူ များကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင် ခဲ့ရာ  ပြည်သူ  ၁၀  ဦးကျော်  သတ်ဖြတ်ခံရ ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက       ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသား ပြီး    ဝါဒဖြန့်ဝေလျက်ရှိသည်ကို   တွေ့ရှိ ရသည်။
ဖြစ်စဉ်အမှန်မှာ       မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင်     နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်းဖက် သမားများက မေ ၂၉ ရက်နှင့် ၃၁ ရက်တို့တွင် လက်နက်ကြီး၊     လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွား  ခဲ့ကြောင်း၊  ထိုသို့  တိုက်ပွဲများဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများထံမှ  အလောင်း  နှစ် လောင်း၊   လက်လုပ်သေနတ်   နှစ်လက်နှင့် ဖောက်ခွဲရေးပစ္စည်းအချို့ကို သိမ်းဆည်းရမိ ခဲ့ပြီး   ပြည်သူများကို   ဖမ်းဆီးသတ်ဖြတ် နေသည်မှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏    ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်       ပြည်ဖျက်မီဒီယာများ အနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်  ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူ များအထင်အမြင်လွဲမှားစေရန်နှင့်   အကြမ်း ဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို  ဖုံးကွယ်ရန်အတွက်   မြေပြင်တွင်   ဖြစ်ပွား ခဲ့သည့်  ဖြစ်စဉ်များနှင့်  လွဲမှားစွာ  လုပ်ကြံ ရေးသားပြီး   အရှက်တရားမဲ့စွာ    လှုံ့ဆော် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း  သတင်း ရရှိသည်။
သတင်းစဉ်