
တိုကျို အောက်တိုဘာ ၂
ဂျပန်တော်ဝင်မင်းသမီး မာကို သည် ၎င်း၏ ချစ်သူ ကီကို မူရိုနှင့် အောက်တိုဘာ ၂၆ ရက် တွင် လက်ထပ်တော့မည်ဟု သိရ သည်။
ရှေးရိုးရာအစဉ်အလာ အခမ်း အနားမပါဘဲ လက်ထပ်ပွဲကို ပြုလုပ်သွားမည်ဟု တော်ဝင် မိသားစုအေဂျင်စီက အောက်တို ဘာ ၁ ရက်တွင် ပြောသည်။
ကိုမူရို၏မိခင်နှင့် ပတ်သက် သည့် ငွေရေးကြေးရေးအငြင်းပွား မှုများမှာ သုံးနှစ်ကြာပြီဖြစ်သော် လည်း မီဒီယာများက ဖော်ပြပြီး နောက် တငွေ့ငွေ့လောင်မြိုက် နေဆဲဖြစ်သည်။ မင်းသမီးမာကို သည် လက်ရှိ ဂျပန်ဧကရာဇ် နာရူဟီတို၏ တူမဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစတင်၍ စိတ်ဖိစီးမှုဝေဒနာ ခံစားနေရသည်ဟု အေဂျင်စီက ဖော်ပြထားသည်။
မင်းသမီး မာကိုနှင့် ၎င်းချစ်သူ နှစ်ဦးစလုံးမှာ အသက် ၂၉ နှစ် ရှိပြီ ဖြစ်ပြီး ၎င်းတို့လက်ထပ်ပြီးနောက် စိတ်ခံစားရမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွား မည်ဖြစ်သည်ဟု အေဂျင်စီက ပြောသည်။ ကိုမူရိုမှာ အမေရိက တွင် ဥပဒေကုမ္ပဏီ၌ အလုပ်လုပ် ကိုင်နေပြီး အမေရိကန်သို့ မပြောင်းရွှေ့မီ လက်ထပ်မှတ်ပုံ တင်ရန် မျှော်မှန်းထားကြသည်။
လူအများစုမှာ ကိုမူရို မိခင် ၏ ငွေကြေးအရှုပ်အရှင်းအပေါ် ရှင်းလင်းမှုကို စိတ်ကျေနပ်မှု မရှိကြဘဲ ကိုမူရို မိသားစုနှင့်ပတ်သက် ၍ သတင်းဆိုးများကြောင့် စိတ်မသက်မသာ ဖြစ်ကြရသည်။
မင်းသမီးမာကို၏ မောင် တော်စပ်သူ မင်းသားဟီဆာ ဟီတို မှာ ထီးနန်းဆက်ခံရန် ဒုတိယ နေရာတွင် ရှိနေပြီး တော်ဝင် မိသားစု နှင့် ကိုမူရို မိသားစုဆွေမျိုး တော်စပ်ရန် သင့်လျော်မှုမရှိဟု ယူဆကြသည်။
ကျိုဒို