MNL-2 ပြိုင်ပွဲတွင် ကချင်ယူနိုက်တက်အသင်း နိုင်ပွဲဆက်

 

နေပြည်တော်   ဩဂုတ်   ၃၀


၂၀၂၂    ရာသီ     MNL-2 (ပထမတန်း)    အမှတ်ပေး ပြိုင်ပွဲ  ပွဲစဉ်  (၅)  ပထမနေ့ အဖြစ် ကချင်ယူနိုက်တက် နှင့်    မောရဝတီအသင်း သြဂုတ် ၂၉ ရက်က သုဝဏ္ဏ လေ့ကျင့်ရေးကွင်း  - ၁  ၌ ယှဉ်ပြိုင်ကစားရာ  ကချင် ယူနိုက်တက်   အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ခဲ့သည်။

 


မောရဝတီအသင်းသည်  ပြီးခဲ့သည့်ပွဲတွင်  ဇယားထိပ် ဆုံးမှ ဒဂုံစတား ယူနိုက်တက် အသင်းကို သရေကစားနိုင် ခဲ့သော်လည်း   ယခုပွဲတွင် ကချင်     ယူနိုက်တက်ကို ဂိုးပြတ်    အရေးနိမ့်ခဲ့သည်။ ရမှတ် တူရထားသည့်အသင်း နှစ်သင်း   တွေ့ဆုံခြင်း    ဖြစ် သောကြောင့်        ရလဒ် ကောင်းရန်  ကြိုးပမ်းခဲ့သော်  လည်း အခွင့်အရေးအသုံးချ နိုင်သည့် ကချင်ယူနိုက်တက် အသင်းက ဂိုးပြတ် အနိုင်ရ ခဲ့ခြင်း  ဖြစ်သည်။  ကချင် ယူနိုက်တက် အသင်းသည် ယခုပွဲအနိုင်ကြောင့်   ဇယား ထိပ်ပိုင်းသို့   တက်လှမ်းနိုင်ခဲ့ သည်။ ကချင်ယူနိုက်တက်      အသင်းအတွက်  အနိုင်ဂိုး များကို   ၃၅   မိနစ်တွင် ဇော်မွန်အောင်၊  ၄၄  မိနစ်  တွင် ဆိုင်းအောင်၊ ၅၇ မိနစ် တွင် ညီညီထွန်းနှင့် ၇၄  မိနစ် တွင်  S.Gun  Lum  တို့က သွင်းယူခဲ့သည်။  မောရဝတီ အသင်းအတွက် ချေပဂိုးကို ၄၅+၁ မိနစ်တွင် အောင်မြတ်  မင်းက     သွင်းယူခဲ့သည်။ မောရဝတီ      အသင်းသည် ပထမပိုင်းအပြီးတွင် နှစ်ဂိုး-တစ်ဂိုးဖြင့်သာ    အရေးနိမ့် နေသော်လည်း   ဒုတိယပိုင်း တွင်   ဂိုးများထပ်ပေးခဲ့ရ သဖြင့်     ဂိုးပြတ်သွားခြင်း ဖြစ်သည်။

 


ပွဲစဉ်(၅)    ဒုတိယနေ့ကို စက်တင်ဘာ    ၁   ရက်တွင် ဆက်လက်    ကျင်းပမည် ဖြစ်ပြီး      ယောမြေအသင်း နှင့်     တက္ကသိုလ်အသင်း ယှဉ်ပြိုင်ကစားမည်     ဖြစ်သည်။                    


ရဲရင့်လွင်