
ရန်ကုန် ဇူလိုင် ၂၂
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ကို ဇူလိုင် ၂၃ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ အသင်း များ ပွဲကျပ်ကစားရမည်ဖြစ်သည်။
ပွဲစဉ် (၅) အဖြစ် ဇူလိုင် ၂၃ ရက် (ယနေ့) တွင် ဟံသာဝတီ အသင်းနှင့် GFA အသင်း၊ ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်အသင်းနှင့် မဟာယူနိုက်တက်အသင်း၊ ဇူလိုင် ၂၅ ရက်တွင် ဧရာဝတီအသင်းနှင့် အားကာသိပ္ပံအသင်း၊ ဇူလိုင် ၂၇ ရက်တွင် မြဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇူလိုင် ၂၈ ရက်တွင် ရတနာပုံအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
အမှတ်ပေးဇယားထိပ်ဆုံးသုံးသင်းတွင် ရပ်တည်နေ သည့် အသင်းများအနက် ထိပ်ဆုံး မှ လက်ရှိချန်ပီယံ ရှမ်းယူနိုက် တက်နှင့် တတိယနေရာမှ မြဝတီ အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ သလို ဒုတိယနေရာမှ ဧရာဝတီ အသင်းမှာလည်း ကစားပုံ မာကျောသည့် အားကာသိပ္ပံနှင့် ပွဲကျပ် ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် ယခုရာသီတွင် တစ်သင်းတည်း သော လေးပွဲစလုံး အနိုင်ရထား သည့် အသင်းဖြစ်သည်။
ဧရာဝတီအသင်းသည် ရာသီ အစ ပထမဆုံးပွဲတွင် အရေး နိမ့်ခဲ့သော်လည်း သုံးပွဲဆက်တိုက် ဂိုးပြတ် အနိုင်ရလဒ်များဖြင့် ဒုတိယနေရာအထိ တက်လှမ်းနိုင် ခဲ့ခြင်းဖြစ်ပြီး ပွဲစဉ် (၄) တွင် ရန်ကုန်အသင်းကို သုံးဂိုးပြတ် အနိုင်သည်အထိ စွမ်းဆောင်နိုင် ခဲ့သည်။ ယခုအပတ်တွင် ရန်ကုန်၊ ဟံသာဝတီ၊ ရတနာပုံတို့ နိုင်ပွဲ ပြန်ရရန် ကြိုးပမ်းရမည်ဖြစ်ပြီး နိုင်ပွဲ ထပ်မံပျောက်ဆုံးသည့် အသင်းများလည်း ထပ်မံထွက်ပေါ် လာနိုင်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-သော်လေး