MNL ပြိုင်ပွဲ ပွဲစဉ်(၁၇) အောက်တိုဘာ ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်

 

ရန်ကုန်   အောက်တိုဘာ  ၂၁


၂ဝ၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ကို အောက်တိုဘာ ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး   ဇယားထိပ်ဆုံးမှ   လက်ရှိချန်ပီယံ  ရှမ်းယူနိုက်တက်အသင်းသည် အောက်ဆုံးမှ ရခိုင်ယူနိုက်တက်အသင်းနှင့် တွေ့ဆုံနေသည်။

 


ပွဲစဉ်(၁၇)အဖြစ် အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ အောက်တိုဘာ ၂၃ ရက်တွင် ရတနာပုံအသင်းနှင့် မဟာယူနိုက်တက်အသင်း၊ အောက်တို ဘာ ၂၄ ရက်တွင် ဧရာဝတီအသင်းနှင့် GFA အသင်း၊ အောက်တိုဘာ ၂၆ ရက်တွင် ဟံသာဝတီအသင်းနှင့် မြဝတီအသင်း၊ အောက်တိုဘာ ၂၇ ရက်တွင် ရခိုင်ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဇယားထိပ်ဆုံးမှ ရှမ်းယူနိုက်တက်အသင်းသည် ဇယားအောက်ဆုံးမှ ရခိုင်အသင်းနှင့် ကစားရမည်ဖြစ်ပြီး  အနိုင်ရပါက ချန်ပီယံဆုအတွက် အခြေအနေကောင်းသွားမည်ဖြစ်သည်။ ယခုတစ်ပတ်တွင် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲမှာ ဟံသာဝတီနှင့် မြဝတီပွဲဖြစ်လာနိုင်ပြီး တတိယနေရာအတွက် အရေးပါသည့်ပွဲဖြစ်နေသည်။ ဟံသာဝတီအသင်းသည် ဒုတိယအကျော့ပွဲအားလုံး အနိုင် ရထားပြီး ယခုပွဲအနိုင်ရပါက ထိပ်ဆုံးသုံးသင်းစာရင်းဝင်ရန် အခြေအနေကောင်းသွားမည် ဖြစ်သည်။ တန်းဆင်းဇုန်မှလွတ်ရန် အမှတ်လိုနေသည့် မဟာယူနိုက်တက်၊ GFA အသင်း တို့၏ ရုန်းကန်မှုများကိုလည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။          

ရဲရင့်လွင်