မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးပြုလုပ်

နေပြည်တော်  ဇွန်  ၁၃
မြန်မာ-အိန္ဒိယ   6th Army  to  Army  Staff   Talks အစည်းအဝေးကို     ဇွန်   ၁၁    ရက်   နံနက်ပိုင်းက နေပြည်တော်ရှိ  Park Royal Hotel  ၌  ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ        ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦးနှင့်      တပ်မတော်အရာရှိကြီး များ၊ အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General  Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့      တက်ရောက်ဆွေးနွေးကြ သည်။ 
ဦးစွာ      မြန်မာ့တပ်မတော်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီးကိုကိုဦးနှင့် အိန္ဒိယတပ်မတော်မှ အဖွဲ့ခေါင်းဆောင် တွဲဖက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် Major General  Charanjeet Singh Dewgun, YSM, ADG MI(A) တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြ သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့်     နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက်  အပြန်အလှန်ဆွေးနွေး ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက် ပြီးစီးမှုများကို         ဖတ်ကြားရှင်းလင်းကြသည်။ ယင်းနောက်  နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် အမှတ်တရပစ္စည်းများ        အပြန်အလှန်လဲလှယ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 
အဆိုပါ အိန္ဒိယတပ်မတော် ကိုယ်စားလှယ်အဖွဲ့ အား ညပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။    
မြန်မာ-အိန္ဒိယ  6th Army to Army Staff Talks အစည်းအဝေးသို့ တက်ရောက်လာကြသည့် အိန္ဒိယ တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး နေပြည်တော်ရှိ      အထင်ကရနေရာများဖြစ်သည့် သူရဲကောင်းဗိမာန်နှင့် ကျောက်မျက်ရတနာပြခန်း တို့သို့ လေ့လာခဲ့ကြသည်။  ထို့အပြင်  ရှမ်းပြည်နယ် (တောင်ပိုင်း)  ညောင်ရွှေမြို့နယ်ရှိ  အင်းလေးကန်သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ဈေးသို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြပြီး ရွှေတိဂုံစေတီတော်အား      သွားရောက်ဖူးမြော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်