မြန်မာ - ဖိလစ်ပိုင် ချစ်ကြည်ရေးအထိမ်းအမှတ် မြန်မာရုပ်သံဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပ

 

 ရန်ကုန်    စက်တင်ဘာ    ၁၅


(၆၇)နှစ်မြောက်       မြန်မာ - ဖိလစ်ပိုင် ချစ်ကြည်ရေး အထိမ်း အမှတ်    နှစ်နိုင်ငံ   အနုပညာ ပူးပေါင်း    ဆောင်ရွက်မှုအဖြစ် ရိုက်ကူးတင်ဆက်သည့် “ချစ်လှ စွာသော”   မြန်မာရုပ်သံဇာတ်လမ်း တွဲ   စာနယ်ဇင်းမိတ်ဆက်ပွဲကို  ယနေ့မွန်းလွဲပိုင်းက    ရန်ကုန်မြို့  Wyndham   Grand   Yangon ဟိုတယ် အမရပူရခန်းမ၌  ကျင်းပ သည်။


အဆိုပါ   ရုပ်သံဇာတ်လမ်းတွဲ  မိတ်ဆက်ပွဲသို့    ပြန်ကြားရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် နှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ဆိုင်ရာ     ဖိလစ်ပိုင်နိုင်ငံသံရုံး တာဝန်ခံ Mr. Enrique Voltalre Plngol၊ ရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းမှ တာဝန်ရှိသူများ၊  ဇာတ်လမ်းတွဲ တွင်   ပါဝင်သရုပ်ဆောင်ထား ကြသည့်   အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊  စာပေနှင့်  စာနယ်ဇင်း များမှ     ဖိတ်ကြားထားသူများ တက်ရောက်သည်။


ရှေးဦးစွာ   (၆၇)နှစ်မြောက်  မြန်မာ - ဖိလစ်ပိုင်     နှစ်နိုင်ငံ ချစ်ကြည်ရေး    အထိမ်းအမှတ်  Video Clip ကို  ဖွင့်လှစ်ပြသပြီး မြန်မာနိုင်ငံဆိုင်ရာ    ဖိလစ်ပိုင် နိုင်ငံသံရုံးတာဝန်ခံ၏   ဂုဏ်ပြု နှုတ်ခွန်းဆက် Video Message ကို      ဆက်လက်ဖွင့်လှစ်ပြသ သည်။


ထို့နောက် အခမ်းအနားမှူးက ရုပ်သံဇာတ်လမ်းတွဲ   မိတ်ဆက် ပြသရခြင်းနှင့်   ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ယင်းရုပ်သံ ဇာတ်လမ်းတွဲတွင်    ပါဝင်သရုပ် ဆောင်ထားကြသည့် အနုပညာ ရှင်များနှင့်    မိတ်ဆက်ပေးကာ ထုတ်လုပ်သူ   မခွန်မိုင်အောင်က အမှတ်တရစကား ပြောကြားသည်။


ယင်းနောက်    ဇာတ်လမ်းတွဲ တွင်    ပါဝင်သရုပ်ဆောင်ထားကြ သည့် အနုပညာရှင်၊   အတတ် ပညာရှင်များအား  မြန်မာနိုင်ငံ ဆိုင်ရာ   ဖိလစ်ပိုင်နိုင်ငံသံရုံးမှ တာဝန်ခံ  Charge D' Affairs Mr. Enrique Voltaire Pingol  က အမှတ်တရပန်းစည်းများ ပေးအပ် ချီးမြှင့်သည်။


ဆက်လက်၍   “ချစ်လှစွာ သော”       ရုပ်သံဇာတ်လမ်းတွဲ မှ     ပြကွက်များကို     ထုတ်နုတ် ပြသပြီးနောက်     ဒါရိုက်တာ အိအိခိုင်က    ကျေးဇူးတင်စကား ပြောကြားသည်။ 


အခမ်းအနား      အပြီးတွင်    ပြည်ထောင်စုဝန်ကြီး  ဦးမောင် မောင်အုန်းက  တက်ရောက်လာ ကြသည့် ရုပ်ရှင်၊    ရုပ်သံလုပ်ငန်းမှ   တာဝန်ရှိသူများနှင့်   အနုပညာ ရှင်များအား      ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့၏   ချစ်ခင် ရင်းနှီးမှုနှင့်  အပြန်အလှန်လေးစား တန်ဖိုးထားမှုတို့ဖြင့်    သံတမန် ဆက်ဆံရေး   (၆၇)နှစ်မြောက် ပြည့်မြောက်ခဲ့ခြင်းဖြစ်ရာ ယင်း အထိမ်းအမှတ်အဖြစ်  ဖိလစ်ပိုင် နိုင်ငံတွင် ABS-CBN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့စဉ်  အောင်မြင် ကျော်ကြားခဲ့သည့်    “ My Dear Heart ” ရုပ်သံဇာတ်လမ်းတွဲကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့်     ရုပ်မြင်သံကြားနှင့်   အကျိုးတူ   ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Forever Group Holding Ltd., က  ဝယ်ယူခဲ့ပြီး မြန်မာမှုပြုကာ မြန်မာ့အနုပညာ ရှင်များနှင့်    ဆေးရုံကြီးများ Setting      နောက်ခံထား၍ ပြန်လည်ရိုက်ကူးပြသရန်  စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်။


အဆိုပါ   ရုပ်သံဇာတ်လမ်း တွဲကို   ဒါရိုက်တာ  အိအိခိုင်က   ဖန်တီးပုံဖော်ထားပြီး     လူတစ်ဦး နှင့် တစ်ဦးအကြား မေတ္တာတရား ကို   အခြေခံရိုက်ကူးထားကာ ထပ်ဆင့်အကယ်ဒမီ     မို့မို့မြင့် အောင်၊ စည်သူဝင်း၊     ဝင့်ယမုံနိုင်၊ မေဆူးမောင်နှင့်     အနုပညာရှင် များစွာ  ပါဝင်၍   အပိုင်း(၇၈)ပိုင်းဖြင့် MRTV - 4 ရုပ်သံလိုင်းမှ ၂၀၂၃   ခုနှစ်     စက်တင်ဘာ   ၁၉ ရက်မှစ၍    အပတ်စဉ်   တနင်္လာ နေ့မှ   သောကြာနေ့အထိ ညစဉ် ၇ နာရီတွင် ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်