မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ ပေကျင်းမြို့ ဗုဒ္ဓစွယ်တော်စံကျောင်းတော်သစ် နှစ် (၆၀) ပြည့်ဖွင့်ပွဲသို့ တက်ရောက်ပူဇော်

နေပြည်တော်   ဇွန်   ၂၁
တရုတ်ဗုဒ္ဓဘာသာအသင်းကြီး၏ ဖိတ်ကြားချက်အရ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်  ရွှေတိဂုံ စေတီတော်ဩဝါဒါစရိယဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ    အဂ္ဂသာမိ နှင့် ဆရာတော်သုံးပါးတို့ပါဝင်သောအဖွဲ့သည် နှစ်(၆၀)ပြည့်လင်ကွမ်းဗုဒ္ဓစွယ်တော်  တိုက်သစ်ဆောက်လုပ် ပြီးစီးသည့်  ဖွင့်ပွဲအခမ်းအနားသို့ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တက်ရောက်ပူဇော်ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့     ဗုဒ္ဓ ဘာသာဝင်        ကမ္ဘောဒီးယား၊ ကိုရီးယား၊ လာအို၊  မြန်မာ၊ သီရိ လင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ဆရာတော်၊ သံဃာတော်များ နှင့် အဖွဲ့ဝင်များ အင်အား ၇၀ ခန့် နှင့် တရုတ်ပြည်မှ ဗုဒ္ဓဘာသာဝင် များ     စုစုပေါင်း   ၅၀၀    ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တရုတ် ဗုဒ္ဓ ဘာသာအသင်းဥက္ကဋ္ဌဆရာတော် ကြီး Most.Ven. YANJUE က နိုင်ငံ အသီးသီးမှအဖွဲ့ဝင်များကို အဖွဲ့ လိုက်  သီးခြားတွေ့ဆုံနှုတ်ဆက် ကာ ဓမ္မပဏ္ဏာများ ပေးအပ်ချီးမြှင့် ၍ နိုင်ငံများအချင်းချင်း ဗုဒ္ဓဘာသာ သာသနာတော်အား     ဝိုင်းဝန်း ထိန်းသိမ်းကြရန်၊ ပူးပေါင်းဆောင် ရွက်ကြရန် မိန့်ကြားသည်။
ဒုတိယဥက္ကဋ္ဌဆရာတော်၊ ဗုဒ္ဓ စွယ်တော်တိုက် ပဓာနဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ    Most. Ven.Zhan Chan ဦးစီး၍ နှစ်(၆၀) ပြည့် ဗုဒ္ဓစွယ်တော်တိုက်သစ်ဖွင့်ပွဲ အခမ်းအနားကို       ဆက်လက် ကျင်းပရာ နိုင်ငံအသီးသီးမှ သံဃာ တော်အဖွဲ့များက    ဗုဒ္ဓစွယ်တော် အား ဘုရားအနေကဇာတင်ခြင်း၊ ကမ္ဘာကြီး ငြိမ်းချမ်းရေး ဆုတောင်း မေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြ သည်။     ဆက်လက်၍      ဗုဒ္ဓ စွယ်တော်နှင့် စပ်လျဉ်း၍  နိုင်ငံ အသီးသီးမှ ဘုရားစေတီပုံတော် များနှင့်     ဗုဒ္ဓအဆိုအမိန့်များ ပါဝင်သော     ချစ်ကြည်ရေးပြခန်း ကို       ဖဲကြိုးဖြတ်      ဖွင့်လှစ်ကြ သည်။ 
မွန်းလွဲ   ၂   နာရီခွဲတွင်    ဗုဒ္ဓ မြတ်စွယ်တော် စံကျောင်းတော်သစ် ဖွင့်ပွဲအထိမ်းအမှတ်  ဗုဒ္ဓဘာသာ နှင့် ပတ်သက်သော နှီးနှောဖလှယ်  ဆွေးနွေးပွဲကို  ဆက်လက်ကျင်းပ ရာ     နိုင်ငံအသီးသီးမှ     အဖွဲ့ ခေါင်းဆောင်များက ဗုဒ္ဓဘာသာ အဓွန့်ရှည်စွာ          တည်တံ့ရေး၊ ချစ်ကြည်ရင်းနှီးစွာ         ပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံအလိုက် သာသနာရေးဆောင်ရွက်ချက်များ ကို ဆွေးနွေးသည်။
နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များ အား ဇွန် ၂၁ ရက်တွင်  လားမား ဗုဒ္ဓကျောင်းတော်နှင့်      ဒေသန္တရ လှည့်လည်ကြည့်ရှုခြင်းများ စီစဉ် ပေးခဲ့ကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံသို့  ဗုဒ္ဓစွယ်တော် (၄) ကြိမ် ဒေသစာရီကြွချီခဲ့ပြီး နောက်ထပ် တစ်ကြိမ်          (၅)  ကြိမ်မြောက် ကြွရောက်နိုင်ရေးလည်း       ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်