
ရန်ကုန် ဇွန် ၁၉
မြန်မာ-တရုတ်နှစ်နိုင်ငံ အရပ် ဘက်အဖွဲ့အစည်းများမှ ဦးစီး ကျင်းပသည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင် ရေးမူကြီး(၅)ရပ် ထုတ်ပြန်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုံမြို့နယ် ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ နိုင်ငံရေးရာ သံမှူး Ms.Qiao Li က အမှာစကား ပြောကြားသည်။ ထို့နောက် ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အရပ်ဘက်အဖွဲ့အစည်း များမှ တာဝန်ရှိသူတို့က အမှာ စကားများ ပြောကြားကြ သည်။ ယင်းနောက် ခင်းကျင်းပြသထား သည့် “Nihao China မင်္ဂလာ အဖြာဖြာဆုံစည်းရာ လက်ဖက် ရည်ကြမ်း အနုပညာခရီးသွား” ဓာတ်ပုံပြပွဲကို ကြည့်ရှုလေ့လာကြ သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေး မူကြီး (၅) ရပ်ဖြစ်သည့် နိုင်ငံ တစ်နိုင်ငံ၏နယ်နိမိတ်နှင့် အချုပ် အခြာအာဏာကို အခြားတစ်နိုင်ငံ ကလေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုရန်၊ နိုင်ငံတစ်နိုင်ငံ၏ ပြည် တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တန်းတူညီတူ အပြန်အလှန် အကျိုး ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် နှင့် လူမှုစနစ်မတူညီသည့်နိုင်ငံ များအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရန်ဟူသည့် မူကြီး (၅)ရပ်ကို ထိုစဉ်က နှစ်နိုင်ငံ ဝန်ကြီးချုပ်များက ၁၉၅၄ ခုနှစ် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းမူကြီး (၅) ရပ်နှင့်အညီ မြန်မာနိုင်ငံသည် အခြားသော နိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေး ကို ဆောင်ရွက်ခဲ့သည်။
အာကာလင်း