
မြန်မာ ဝိုင်အမ်စီအေက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှ
=================================================================
ရန်ကုန် စက်တင်ဘာ ၁၂
မြန်မာဝိုင်အမ်စီအေနှင့် လားရှိုး ဝိုင်အမ်စီအေတို့ ပူးပေါင်းလျက် ရွှေ့ ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (Internati-onal Organization for Migration -IOM) ၏ ပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း၊ မျက်နှာ ကာ၊ လက်သန့်ဆေးရည်၊ လက်အိတ်၊ အသိပညာပေး လက်ကမ်းစာစောင်များ နှင့် ပိုစတာများဝေငှသည့် လှုပ်ရှားမှု ကို စက်တင်ဘာ ၈ ရက်က လားရှိုး မြို့ပေါ်နှင့် ဝင်/ထွက်ပေါက်နေရာများ၌ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုး ဝိုင်အမ်စီအေ အတွင်းရေးမှူး ဒေါ်ဘောက်အောန်နှင့် အမှုဆောင် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ စီမံကိန်း ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက ငွေကျပ်ဆယ်သိန်းကျော် တန်ဖိုးရှိ နှာခေါင်းစည်းများ၊ မျက်နှာကာများ၊ လက်သန့်ဆေးရည်များ၊ လက်အိတ်များ၊ လက်ကမ်းစာစောင်များနှင့် ပိုစတာ များကို ပြည်သူများအား ဝေငှကြသည်။
အလားတူ ဩစတြေးလျရန်ပုံငွေ အဖွဲ့ (Australian Aid) ၏ ပံ့ပိုးမှုဖြင့် မြန်မာ ဝိုင်အမ်စီအေနှင့် Habitat for Humanity Myanmar (HFHM) တို့ ပူးပေါင်း အကောင်အထည်ဖော်နေ သော ဒလမြို့နယ် လူမှုအကျိုးပြု ဖွံ့ဖြိုးရေးစီမံကိန်းအစီအစဉ်မှ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး အတွက် နှာခေါင်းစည်းနှင့် လက်သန့် ဆေးရည်များ အသုံးပြုရေး ပညာပေး လှုပ်ရှားမှုအစီအစဉ်ကို စက်တင်ဘာ ၁၀ ရက်က ဒလမြို့နယ်၌ ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် စီမံကိန်းဝန်ထမ်းများ က ငွေကျပ်ဆယ်သိန်းကျော်တန်ဖိုးရှိ နှာခေါင်းစည်းများနှင့် လက်သန့် ဆေး များဝေငှပြီး ဒေသခံပြည်သူများအား စနစ်တကျအသုံးပြုနိုင်ရေး ပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် မြန်မာဝိုင်အမ်စီအေ၊ ကွတ်ခိုင် ဝိုင်အမ်စီအေနှင့် မူဆယ်ဝိုင်အမ်စီအေ အဖွဲ့တို့ ပူးပေါင်းလျက် Norwegian Church Aid (NCA)- Dan Church Aid (DCA) ရန်ပုံငွေပံ့ပိုးမှုဖြင့် အဋ္ဌမအကြိမ် မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက် ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် အမှတ်(၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်) က ကွတ်ခိုင်မြို့ ဈေးအဝင်လမ်းထိပ်နှင့် မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်အနီး တို့တွင် လူကုန်ကူးမှုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကန့်သတ်ချက်များနှင့်အညီ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်