မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက်

နေပြည်တော်    ဇူလိုင်    ၁၂
မြန်မာအီလက်ထရောနစ် မဲပေး စက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသ ခြင်းနှင့်     လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉   နာရီတွင်  နေပြည်တော်ရှိ မြန်မာနိုင်ငံ     မိခင်နှင့်ကလေး   စောင့်ရှောက်ရေးအသင်း(ရုံးချုပ်) ၌  ကျင်းပသည်။  
ဦးစွာ        ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်  ထရောနစ်မဲပေးစက်  (MEVM) အသုံးပြု    ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊  ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားပြီး    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန် ရှိသူများက စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များကို    ရှင်းလင်း ဆွေးနွေးကြသည်။  


Myanmar    Electronic Voting Machine (MEVM) စက် အသုံးပြုမဲပေးခြင်းဖြင့် မဲဆန္ဒရှင် ပြည်သူများအတွက် ပိုမိုရှင်းလင်း လွယ်ကူပြီး   စိတ်ချယုံကြည်မှု အပြည့်ဖြင့်   ပွင့်လင်းမြင်သာမှု ရှိစွာ မဲပေးနိုင်ရေး၊ စမ်းသပ်မဲပေး ခဲ့သည့်  မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ရွေးချယ်  မဲပေးလိုသည့် ပါတီကို လွယ်ကူ ရှင်းလင်းစွာ မဲပေးနိုင်ရေး၊ ပယ်မဲ များ     မရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ     ပယ်မဲ ကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်း မျိုး  မရှိနိုင်တော့သည့်  အကျိုး ကျေးဇူးများစွာ ရရှိနိုင်ရေး၊ MEVM စက်အသုံးပြု    မဲပေးခြင်းနှင့် စပ်လျဉ်း၍  ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးတို့ကို    မဲဆန္ဒရှင် အသိပညာပေး  လုပ်ငန်းတစ်ရပ် အနေဖြင့်      ဆောင်ရွက်လျက် ရှိသည်။


ယနေ့အခမ်းအနားသို့ မြန်မာ နိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌ      ပါမောက္ခ ဒေါက်တာ  စန်းစန်းမြင့်အောင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် များနှင့်   မြန်မာနိုင်ငံ   မိခင်နှင့် ကလေး      စောင့်ရှောက်ရေး အသင်း (ရုံးချုပ်) မှ  ဝန်ထမ်းများ တက်ရောက်ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သတင်းရရှိသည်။

       သတင်းစဉ်