မြန်မာအမျိုးသမီးကို ထိုင်းနိုင်ငံသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ် ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်‌တော်  ဇူလိုင်  ၇


မွန်ပြည်နယ်  ကျိုက်မရောမြို့နယ်နေ   ဒေါ်ရဟီမာဘီက တစ်မြို့နယ် တည်းနေ မ --- ၊ ၂၀ နှစ်အား  ထိုင်းနိုင်ငံရှိ   ၎င်း၏ဈေးဆိုင်တွင်  အလုပ် လုပ်ကိုင်နိုင်ကြောင်းနှင့်   မလုပ်လိုပါက    တခြားအလုပ်ရှာပေးမည်၊ တစ်လလျှင်  ဘတ် ၁၀၀၀၀ ရမည်ဟု ပြောဆိုစည်းရုံး၍   ထိုင်းနိုင်ငံသို့   ပို့ဆောင်ကာ  ထိုင်းအမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး    ငွေကြေးအကျိုးအမြတ်များရယူခဲ့သဖြင့်  ကျိုက်မရောမြို့မရဲစခန်း(ပ) ၅၇၃/၂၀၂၀၊  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့်  အမှုရေးဖွင့်၍  မော်လမြိုင်ခရိုင်တရားရုံးသို့  တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင်  ၅ ရက်က     တရားခံဒေါ်ရဟီမာဘီအား   လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ  အလုပ်နှင့်  ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။  

           

သတင်းစဉ်