မြန်မာအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်  ဧပြီ  ၇


မြန်မာအမျိုးသမီးနှစ်ဦးကို  တရုတ်နိုင်ငံသို့   ပို့ဆောင်ကာ   တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ် နှင့်ထောင်ဒဏ် ၁၀နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 


ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ်  အုတ်ပုံစုရပ်ကွက်နေ မဖြူဖြူလှိုင်(ခ) အသေးမ က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် နေ မ ---  (၂၉)နှစ် နှင့် မ ---  (၃၃)နှစ်တို့ကို တရုတ်နိုင်ငံရှိ  အထပ်သား စက်ရုံတွင် တစ်နှစ်ခန့် အလုပ်လုပ်ကိုင်ပါက  ငွေကျပ်သိန်း  ၂၀ ခန့် ရမည်ဟု  ပြောဆိုစည်းရုံး၍  တရုတ်နိုင်ငံသို့  ပို့ဆောင်ကာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်း (ပ)၅၉၄ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ မဖြူဖြူလှိုင်(ခ) အသေးမ ကို ဧပြီ ၆ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ  အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။            

သတင်းစဉ်