မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင်  ခြေစွမ်းပြဂိုးသွင်းယူနေ

 

 

ရန်ကုန်    ဒီဇင်ဘာ   ၂၈
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင် ခြေစွမ်းပြကာ ဂိုးများသွင်းယူလျက် ရှိသည်။ အိန္ဒိယအမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုလလယ်ပိုင်းတွင် စတင် ကျင်းပလျက်ရှိပြီး ဝင်းသိင်္ဂီထွန်းသည် ခြေစွမ်းပြကာ ဂိုးများသွင်းယူ နေခြင်းဖြစ်သည်။ ဂိုကူလမ်အသင်းသည် ဝင်းသိင်္ဂီထွန်းကို နှစ်လစာချုပ် ဖြင့် စတင်ခေါ်ယူခဲ့သော်လည်း ပြည်တွင်းလိဂ်ပြိုင်ပွဲများအတွက် ဧပြီ လကုန်အထိ    စာချုပ်သက်တမ်း   ထပ်မံတိုးမြှင့်ထားခြင်းဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် ဂိုကူလမ်အသင်းသို့ စတင်ရောက်ရှိချိန်တွင် အထိုင် ကျရန် ရုန်းကန်ခဲ့ရသော်လည်း လက်ရှိတွင် အသင်းနှင့် အထိုင်ကျနေပြီ ဖြစ်ပြီး ခြေစွမ်းပြကာ ဂိုးများသွင်းယူလျက်ရှိသည်။ ဂိုကူလမ်အသင်းသည် ဝင်းသိင်္ဂီထွန်းကို နိုဝင်ဘာ ၇ ရက်မှ ၁၂ ရက်အထိကျင်းပသည့် အာရှ အမျိုးသမီးကလပ်ပြိုင်ပွဲအတွက် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည်   မြန်မာအမျိုးသမီးဘောလုံးသမားများတွင် ပထမဆုံး ပြည်ပထွက်ကစားသူဖြစ်ပြီး ပြည်ပနိုင်ငံများတွင် သွားရောက် ကစားခွင့်ရရှိခြင်းကြောင့် အတွေ့အကြုံပိုင်းအပါအဝင် များစွာတိုးတက် လာဖွယ်ရှိနေသည်။
ရဲရင့်လွင်