မြန်မာအသင်းယှဉ်ပြိုင်နေသည့် AFF Cup ပြိုင်ပွဲကို ယခုနှစ်မှစတင်ကာ စပွန်ဆာအသစ်ဖြင့် ကျင်းပမည်

 

ရန်ကုန်  မေ     ၂၅


မြန်မာ့လက်ရွေးစင်  အသင်း ဝင်ရောက်   ယှဉ်ပြိုင်နေသည့် AFF  Cup  ပြိုင်ပွဲ  (အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ) ကို ယခုနှစ် မှစတင်ကာ စပွန်ဆာအသစ် ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

 


ယင်းပြိုင်ပွဲမှာ   အာဆီယံ ဒေသတွင်း    အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်ပြီး  ယခင်ကဆူဇူကီး ကုမ္ပဏီက     စပွန်ဆာပေးခဲ့ သဖြင့်     အာဆီယံ   ဆူဇူကီး ဖလား ပြိုင်ပွဲအမည်ဖြင့် ၂၀၀၈ ခုနှစ်မှ  ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပခဲ့သော်လည်း      ပြီးခဲ့ သည့် ပြိုင်ပွဲအပြီးတွင် လမ်းခွဲခဲ့ သဖြင့် စပွန်ဆာအသစ် ရှာဖွေ ခဲ့ရာ   Mitsubishi  Electric   က စပွန်ဆာအဖြစ်   ပံ့ပိုးကူညီသွား မည်ဖြစ်သည်။ အာဆီယံဘောလုံး အဖွဲ့ချုပ်သည်     စပွန်ဆာအသစ် မိတ်ဆက်ပွဲကို ပြီးခဲ့သည့်ရက်ပိုင်း က    ပြုလုပ်ခဲ့ပြီး   ယခုနှစ်တွင် ကျင်းပမည့်      ပြိုင်ပွဲမှစတင်ကာ AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲအမည်ဖြင့် ပြုလုပ် သွားမည်ဖြစ်သည်။  

 

 ယခုပြိုင်ပွဲကို ယခင်က     တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံ     ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ    ဆူဇူကီးဖလားပြိုင်ပွဲ အမည်များဖြင့် ကျင်းပခဲ့ပြီး ၂၀၂၂ ပြိုင်ပွဲမှစတင်ကာ AFF Mitsubishi Electric Cup 2022 အဖြစ် ကျင်းပ မည်ဖြစ်သည်။      ယင်းပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်နှစ်တစ်ကြိမ်       ကျင်းပသည့် ပြိုင်ပွဲလည်းဖြစ်သည်။ သို့သော် ၂၀၂၀    ပြိုင်ပွဲကိုမူ     ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ၂၀၂၁  ခုနှစ် နှစ်ကုန်ပိုင်းမှသာ    ကျင်းပနိုင်ခဲ့ သည်။

 


ကျင်းပပြီးစီးခဲ့သည့် ၁၃ ကြိမ် တွင် ထိုင်းအသင်းက ခြောက်ကြိမ်၊ စင်ကာပူအသင်းက   လေးကြိမ်၊ ဗီယက်နမ်အသင်းက  နှစ်ကြိမ်၊ မလေးရှားအသင်းက  တစ်ကြိမ် ဗိုလ်စွဲထားသည်။ မြန်မာ့လက်ရွေး စင်အသင်းသည် ယင်းပြိုင်ပွဲတွင် နှစ်စဉ်      ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံး      အောင်မြင်မှုအဖြစ် ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီး ဖိုင်နယ်အဆင့်ထိ   တက်ရောက် နိုင်ခဲ့သည်။


သတင်း-ကိုညီလေး
ဓာတ်ပုံ-affsuzukicup.com