
ရန်ကုန် မတ် ၂၉
မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင် မှုများ ပြုလုပ်လျက်ရှိသည်။ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲကို ဧပြီ ၂ ရက်မှ ၁၀ ရက် အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်သည်။
အာဆီယံဖူဆယ်ပြိုင်ပွဲတွင် အသင်းစုစုပေါင်း ကိုးသင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် လက်ရှိချန်ပီယံနှင့် အိမ်ရှင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အုပ်စု (ခ)တွင် ဗီယက်နမ်၊ မြန်မာ၊ တီမောနှင့် သြစတြေးလျအသင်းတို့ ပါဝင်နေသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အာဆီယံပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် မတ် ၁၅ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပသည့် ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စတုတ္ထနေရာရရှိခဲ့သည်။ မြန်မာဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၌ ဆက်လက်လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံသို့ ကစားသမား ၂၂ ဦး ခေါ်ဆောင်သွားပြီး ပြိုင်ပွဲကျင်းပရေးက သတ်မှတ်သည့် ကစား သမားအရေအတွက် အပေါ်မူတည်၍ အပြီးသတ်ကစားသမား ရွေးချယ် မည်ဖြစ်သည်။ ပုံမှန်အရ ကစားသမား ၁၄ ဦးသာ ရွေးချယ်ရမည်ဖြစ်သော် လည်း ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် ကစားသမား ၁၈ ဦးအထိ ရွေးချယ်ခွင့်ရရန် တင်ပြထားခြင်းဖြစ်ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်က အတည်ပြုခြင်း မရှိသေးပေ။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းတွင် အဖွဲ့ ခေါင်းဆောင် – ဒေါက်တာရဲမွန်ထွဋ်၊ အုပ်ချုပ်သူ– ဦးရဲဝင်းထွန်း၊ နည်းပြ ချုပ် – ဘန်လက်ချာယိုဝန်(ထိုင်း)၊ လက်ထောက်နည်းပြများ – ဦးဌေးမြင့်၊ ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြ – ဦးထွန်းထွန်းလတ်၊ ကြံ့ခိုင်ရေးနည်းပြ – တာဝမ်(ထိုင်း)၊ အကြောကျွမ်းကျင် – ဦးအောင် အောင်၊ ဂိုးသမားများအဖြစ် ကျော်ထက်အောင်၊ ဇွဲပြည့်စုံ၊ မိုးမင်းအောင်၊ ကစားသမားများအဖြစ် ဟိန်းမင်းစိုး၊ မျိုးမြင့်စိုး၊ ဇော်ဝဏ္ဏ၊ ကိုကိုလွင်၊ စိုင်းပြုံးအောင်၊ ဝေဇင်ဦး၊ ထက်မြတ်ထွန်း၊ ထက်မြတ်နိုင်၊ မျိုးသက် အောင်၊ ငြိမ်းမင်းစိုး၊ ထွဋ်ဝေထွန်း၊ ချမ်းသာ၊ ထွန်းအောင်ကျော်၊ သိုင်းဘွဲ့ အောင်၊ ခင်ဇော်လင်း၊ ရဲမင်းခန့်၊ နိုင်လင်းထွန်းကျော်၊ လှိုင်မင်းထွန်း၊ အောင်ဇင်ဦးတို့ ပါဝင်သည်။ ရဲရင့်လွင်