မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အာဆီယံဖူဆယ်ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံ၌ ဆက်လက်လေ့ကျင့်နေ

 

ရန်ကုန်    မတ်     ၂၄


မြန်မာ့လက်ရွေးစင်     ဖူဆယ် အမျိုးသားအသင်းသည်    ဧပြီလ တွင်     ထိုင်းနိုင်ငံ၌   ကျင်းပမည့် အာဆီယံ      ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲယှဉ်ပြိုင်ရန်    ထိုင်းနိုင်ငံ၌ ဆက်လက်      လေ့ကျင့်လျက် ရှိသည်။

 


မြန်မာ့လက်ရွေးစင်   ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံ၌ ကျင်းပ မည့်    နိုင်ငံတကာပြိုင်ပွဲ   နှစ်ခု  အတွက်    မတ်    ၁၂   ရက်က  ထွက်ခွာသွားခြင်းဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်    အမျိုး သား  ဖူဆယ်အသင်းသည် မတ် ၁၅ ရက်မှ ၂၀ ရက်အထိ ထိုင်း နိုင်ငံ၌    ကျင်းပသည့်    ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် မြန်မာနိုင်ငံသို့ပြန်မလာဘဲ ထိုင်း နိုင်ငံ၌ ဆက်လက်လေ့ကျင့်နေ ခြင်းဖြစ်သည်။     မြန်မာဖူဆယ် အသင်းသည်   ထိုင်းနိုင်ငံတွင် တစ်ပတ်ကျော်    လေ့ကျင့်မည် ဖြစ်ပြီး ဧပြီ ၂ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့်   အာဆီယံ   ဖူဆယ် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မည် ဖြစ်သည်။   မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ကစားသမား ၂၂     ဦး  ခေါ်ဆောင်သွားပြီး အာဆီယံ        ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၁၄ ဦး ရွေးချယ်ရမည်ဖြစ်ရာ စုစုပေါင်း ရှစ်ဦး လျှော့ချရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်     ဖူဆယ် အသင်းသည် ထိုင်းဖိတ်ခေါ်ပြိုင်ပွဲ တွင် စတုတ္ထနေရာသာရခဲ့သော် လည်း အသန့်ရှင်းဆုံးအသင်းဆု နှင့် ဂိုးသမား ကျော်ထက်အောင် က ပြိုင်ပွဲတစ်လျှောက် အကောင်း ဆုံးဂိုးသမားဆုတို့ ရရှိခဲ့သည်။

 


မြန်မာ့လက်ရွေးစင်    အမျိုး သား    ဖူဆယ်အသင်းတွင်    အဖွဲ့ ခေါင်းဆောင် – ဒေါက်တာ ရဲမွန် ထွဋ်၊ အုပ်ချုပ်သူ– ဦးရဲဝင်းထွန်း၊ နည်းပြချုပ် – ဘန်လက် ချာယိုဝန် (ထိုင်း)၊    လက်ထောက်နည်းပြ များ – ဦးဌေးမြင့်၊ ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြ – ဦးထွန်းထွန်းလတ်၊ ကြံ့ခိုင်ရေးနည်းပြ   –   တာဝမ် (ထိုင်း)၊    အကြောကျွမ်းကျင် – ဦးအောင်အောင်၊     ဂိုးသမားများ အဖြစ် ကျော်ထက်အောင် (MIU FC)၊ ဇွဲပြည့်စုံ (VUC FC)၊ မိုးမင်း အောင်   (Myoma  FC)၊  ကစား သမားများအဖြစ်      ဟိန်းမင်းစိုး (MIU FC)၊ မျိုးမြင့်စိုး (VUC FC)၊ ဇော်ဝဏ္ဏ (Myoma FC)၊ ကိုကိုလွင် (MIU FC)၊ စိုင်းပြုံးအောင် (MIU FC)၊    ဝေဇင်ဦး   (VUC   FC)၊ ထက်မြတ်ထွန်း   (M2K    FC)၊ ထက်မြတ်နိုင်   (Myoma    FC)၊ မျိုးသက်အောင်   (MIU      FC)၊ ငြိမ်းမင်းစိုး   (VUC FC)၊   ထွဋ်ဝေ ထွန်း (VUC FC)၊ ချမ်းသာ (VUC  FC)၊ ထွန်းအောင်ကျော် (Dream Team FC)၊ သိုင်းဘွဲ့အောင် (M2K FC)၊   ခင်ဇော်လင်း    (MIU FC)၊ ရဲမင်းခန့် (MIU FC)၊ နိုင်လင်းထွန်း ကျော် (VUC FC)၊ လှိုင်မင်းထွန်း (MIU FC)၊ အောင်ဇင်ဦး (VUC FC) တို့ ပါဝင်သည်။            

ရဲရင့်လွင်
ဓာတ်ပုံ-Futsal Thailand