
ရန်ကုန် ဩဂုတ် ၂
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယ အကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့ အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေး နှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင် မိုး)နှင့် ဗဟိုအမှုဆောင်ကော်မတီ ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်စာရေးဆရာအသင်းများမှ ဗဟိုဦးစီးအဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌက ကြိုဆို အမှာစကားပြောကြားပြီး အသင်းအတွင်း ရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ ပင်ကောက်)က ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို အကြိုညှိနှိုင်း ရှင်းလင်းသည်။
ဆက်လက်ပြီး တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးသို့ အလှူ ငွေများ ပေးအပ်လှူဒါန်းကြရာ တာချီလိတ် မြို့နယ်စာရေးဆရာအသင်းက ငွေကျပ် သုံးသိန်း၊ တောင်ဥက္ကလာပမြို့နယ်စာရေး ဆရာအသင်းက ငွေကျပ်နှစ်သိန်း၊ ဦးလှဆန်း (လှဆန်း- စိုက်ပညာရှင်)၊ စာရေး ဆရာမ မီမီကို(အလှရပ်ဝန်း)၊ ဘားအံ မြို့နယ်စာရေးဆရာအသင်း၊ ပြည်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာ ယဉ်ဝေလွင်(ပြည်)၊ လှိုင်သာယာ (အရှေ့ ပိုင်း)မြို့နယ်စာရေးဆရာအသင်း၊ မှော်ဘီမြို့နယ်စာရေးဆရာအသင်းနှင့် ရန်ကင်း မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ။
ဦးညွန့်ဝင်း(ညွန့်ဝင်း-နတ်တလင်း)က ငွေကျပ်ခုနစ်သောင်း၊ ဒေါ်ခင်တင့်ဝေ (ခင်တင့်ဝေ-မြို့တော်စည်ပင်)၊ ကျောက် တံတားမြို့နယ် စာရေးဆရာအသင်း၊ မိတ္ထီလာမြို့နယ် စာရေးဆရာအသင်း၊ ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ မရည်မွန်(ကျုံပျော်)၊ စာရေးဆရာမ ပျိုပျို(ယောဂ)၊ သာကေတမြို့နယ် စာရေး ဆရာအသင်း၊ မိုးညှင်းမြို့နယ် စာရေး ဆရာအသင်းနှင့် ချမ်းမြသာစည်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီအပါအဝင် အခြားအလှူရှင် များက အလှူငွေများ လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်