မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်၏ အကြီးအကဲ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

Image not available

 

နေပြည်တော် ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်၏ အကြီးအကဲ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် မှ First Vice Chairman Mr. Hiroshi Shimada နှင့် အဖွဲ့ သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ အား အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် ၏ အာရှပစိဖိတ်ဒေသအတွင်း လူငယ်များအတွက် စခန်းသွင်းလေ့ကျင့်ပေးမှုများ၊ ကင်းထောက်လုပ်ငန်းစဉ် ရှင်သန်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၎င်းတို့ အဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ကင်းထောက်လုပ်ငန်းရပ်များ ပိုမို တိုးတက်အောင်မြင်စေရန် ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကြသည်။

သတင်းစဉ်