မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၁၇


မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်း၀န် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယ ၀န်ကြီးက အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြ သူများက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည့်စုံသော မူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှုဖြင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးကြသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွား ရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင် ပြောင်းလဲရေးစီမံချက်အရ မြန်မာ နိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ဆည်မြောင်း၊ ရေနုတ်မြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ရေစီမံ ခန့်ခွဲမှုစနစ်သာမက စိုက်ပျိုးရေး အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းများ၊ ကျေးလက်အိမ်ထောင်စု များ၏ မြေယာပိုင်ဆိုင်မှုနှင့် ပိုင်ဆိုင်မှု အခွင့်အရေးများကို ပိုမိုအားကောင်းစေ ရန်နှင့် သင့်လျော်သော ဒစ်ဂျစ်တယ် နည်းများဖြင့် မြေယာမှတ်ပုံတင်ခြင်း စနစ်ကို အားကောင်းလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
အလားတူ ကန်ထရိုက်လယ်ယာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင် ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ တန်ဖိုး မြှင့် စားသောက်ကုန်လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန် အခြေခံစိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ထွက်ကုန်များအား တန်ဖိုးမြှင့်တင် ခြင်း၊ စားသောက်ကုန်လုပ်ငန်းရှင်များ နှင့် အခြေခံထုတ်လုပ်သူများအကြား ချိတ်ဆက်မှု အားကောင်းလာစေရေး တို့အတွက် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် စက်မှုလယ်ယာ ဖော်ဆောင်ရေးတွင် လည်း လယ်ယာသုံးစက်ကိရိယာများ နှင့် စက်ပစ္စည်းများကို အရစ်ကျ ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ရေး အတွက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက် ရန်၊ ထုတ်လုပ်မှုတိုးတက်မြင့်မား စေရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းများတွင် အမျိုးသမီးများ၊ လယ်သမားများနှင့်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ စိုက်ပျိုးရေးကဏ္ဍ၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် အစားအစာ ကဏ္ဍတို့တွင် ရွေ့လျားအသက်မွေးဝမ်း ကျောင်း သင်တန်းများအား ဆောင် ရွက်သွားရန်၊ တောင်သူများ၏ စိုက်ပျိုး ရေး ထွက်ကုန်များအတွက် ဝယ်လို အား လိုအပ်ချက်အရ အမှာစာများ ပေးပို့နိုင်ရေးကို ခွင့်ပြုပေးခြင်းဖြင့် စိုက်ပျိုးရေးထွက်ကုန် ရောင်းလိုအား နှင့် ဝယ်လိုအားအကြား ချိတ်ဆက်မှု အားကောင်းစေရေးအတွက် မိုဘိုင်း အက်ပလီကေးရှင်းကဲ့သို့ အီလက် ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးကို ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုဗစ်-၁၉ ကာလလွန် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များနှင့်အညီ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်