
ရန်ကုန် မေ ၃၁
မျိုးဆက်သစ်လူငယ် အားကစား သမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား နွေရာသီသင်တန်း ဆင်းကလပ်များ တိုက်ကွမ်ဒို ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့အောင်ဆန်းအားကစား ပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ ၌ကျင်းပရာ ပြိုင်ပွဲဝင်လူငယ် အားကစားသမား ၈၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရ သည်။
သင်ကြားပို့ချ
“တိုက်ကွမ်ဒိုအားအစားနည်း ဟာ အိုလံပစ်အားကစားနည်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်မှစတင်ကာ အဖွဲ့ချုပ် တစ်ခုအနေနဲ့ ရပ်တည်ပြီး အားကစားနှင့် ကာယပညာဦးစီး ဌာနနဲ့ ပေါင်းစပ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းမှာ အသက် ၅ နှစ် ၆ နှစ် အရွယ် ကလေးသူငယ်များမှ စပြီး လူကြီးများအထိပါ ကစားနိုင် အောင် သင်ကြားပို့ချပေးနေပါ တယ်။ ယခုပြိုင်ပွဲကလည်း ကလေးငယ် အများစု ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့နဲ့ မျိုးဆက်သစ် ကစားသမားများ စတင် မွေးထုတ် ပေးတဲ့ပြိုင်ပွဲလို့ ပြောရမှာပါ။ ယခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ပေါင်း ၂၈ သင်းနဲ့ ကစားသမား ၈၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြ မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ဦးမြဟန်က ပြော သည်။
သွားရောက်ယှဉ်ပြိုင်
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ ချုပ်အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ စ၍ နိုင်ငံတကာပြိုင်ပွဲများကို သွား ရောက်ယှဉ်ပြိုင်ရာမှာ အဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန် (၁၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကလွဲလို့ နှစ်စဉ်သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတိုင်းမှာ ဆုတံဆိပ် တွေ ရယူပေးနိုင်ခဲ့ကြောင်း၊ ယခုအခါ မသန်စွမ်းတိုက်ကွမ်ဒို ကစားနည်းကိုလည်း စတင် လေ့ကျင့်ပေးနိုင်ပြီ ဖြစ်သည်။ ယင်းအပြင် ဒိုင်လူကြီးများက လည်း အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများအဖြစ်နှင့် အာရှ အဆင့်၊ ကမ္ဘာအဆင့် အိုလံပစ် အဆင့်များအထိ သွားရောက် တာဝန်ယူ ဆောင်ရွက်နေကြ ကြောင်းနှင့် ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် ကကွက်နှင့် အတိုက် အားကစားနည်း နှစ်မျိုးပါဝင် ပြီး ကကွက်တွင် ပွဲစဉ်ပေါင်း ၆၀၀ ကျော်နှင့် အတိုက်အတွက် ပွဲစဉ်ပေါင်း ၈၀၀ ကျော် ပါဝင်ပြီး ပြိုင်ပွဲကို ဇွန် ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အာကာစိုး