
နေပြည်တော် ဇွန် ၁၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေး ရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့် အညီ ၁၄-၆-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေး ခရိုင် တွံတေးမြို့ပေါ်ရှိ တွံတေး မြို့မရဲစခန်း အချုပ်ခန်းနှင့် မိဘဂုဏ် ဘိုးဘွားရိပ်သာများသို့ သွားရောက် ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေးရေး အဖွဲ့ သည် တွံတေးမြို့ပေါ်ရှိ မြို့မ ရဲစခန်း အချုပ်ခန်းကို ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် ရီမန်ကာလ အခြေ အနေ၊ အမှုစစ်ဆေးစဉ်ကာလ အတွင်း ညှဉ်းပန်းနှိပ်စက် ခံရမှု ရှိ၊ မရှိ၊ မိသားစုတွေ့ဆုံမှု အခြေ အနေ၊ တရားရုံးတွင် အမှုရင်ဆိုင် ရန် ရုံးထုတ်ချိန်အတွင်း နေထိုင် စားသောက်ရမှု အခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှု အခြေအနေ၊ အချုပ်ခန်းများ အတွင်း သန့်ရှင်းမှု ရှိ၊ မရှိနှင့် အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံ ခွင့်ရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ တွံတေးမြို့နယ်ရှိ မိဘဂုဏ်ဘိုးဘွားရိပ်သာကိုလည်း ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက် များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် လက်ခံ စောင့်ရှောက်ပေးလျက်ရှိ သော ဘိုးဘွားများအား အိပ်ဆောင် များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ အစား အစာနှင့် အာဟာရဖြည့်ဆည်း ကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွား အိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုနှင့် ဘိုးဘွား များ အနားယူအပန်းဖြေရန် စီစဉ် ဆောင်ရွက်ပေးထားမှု အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေး အဖွဲ့ သည် ခရီးစဉ်အတွင်း စစ်ဆေး တွေ့ရှိချက်နှင့် အကြံပြုချက်များ ကို သင့်လျော်သကဲ့သို့ ဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ ကော်မရှင်ဥပဒေနှင့် အညီ အကြံပြုပေးပို့သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံမှ သတင်းရရှိသည်။ သတင်းစဉ်