
နေပြည်တော် ဩဂုတ် ၁၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော် စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင် သောအဖွဲ့သည် ယနေ့တွင် ကော် မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်း ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ်ရှိ လှေလှော် အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက် မွေးမှုအတတ်သင်စခန်းကို သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အကျဉ်း သားများကို အိပ်ဆောင်များ၌ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး ၏အနိမ့်ဆုံးရရှိရမည့် အခွင့်အရေး ဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစု လာရောက်တွေ့ဆုံနိုင်မှု အခြေ အနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှုအခြေအနေ၊ ရသင့် ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိမှု၊ လုပ်ငန်းခွင် အတွင်း ဘေးအန္တရာယ်ကင်းရှင်း ရေးဆောင်ရွက်ထားရှိမှု၊ လုပ်ငန်း ခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ အခြေအနေ နှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေစသည်တို့ကို မေးမြန်း ခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံ ခွင့်တောင်းခံသူ အကျဉ်းသားများ ကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့သည်။
ယင်းနောက် အကျဉ်းသား များ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုဒေါင်၊ သန့်ရှင်းသောသောက်ရေ ရရှိမှုအခြေအနေ၊ သုံးရေကန်များ နှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား များ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများ ကို ကော်မရှင်မှ လှူဒါန်းခဲ့သည်။
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြု ချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင် ဥပဒေနှင့်အညီ အကြံပြုပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်