မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနှင့် စပ်လျဉ်း၍ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီများက သဘောထားထုတ်ပြန်ကြေညာ

 

ရန်ကုန်     မေ    ၂၈  


မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions) နှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊  ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊  မြန်မာ့တောင်သူလယ်သမားဘဝ  တိုးတက်မြင့်မားရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေး မှူး၊  မြန်မာနိုင်ငံဆိုင်ရာ  နိုင်ငံခြားသံရုံးများမှ  တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများက မြန်မာနိုင်ငံအပေါ်  အရေးယူ ပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး နိုင်ငံရေးပါတီများမှ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနှင့်  စပ်လျဉ်း၍ လုံးဝ (လုံးဝ) လက်မခံဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း  ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်ကို သဘောတူအတည်ပြုထုတ်ပြန်ကြေညာ  ခဲ့ကြသည်။                                                              

သတင်းစဉ်