
မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုးသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်မြှင့်တင်ပေးခြင်း စီမံကိန်းအတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ
==============================================================
ရန်ကုန် အောက်တိုဘာ ၁
ဂျာမနီနိုင်ငံ သမဝါယမအဖွဲ့ချုပ် (DGRV)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမ ဦးစီးဌာနတို့ ပူးပေါင်းကာ မြန်မာနိုင်ငံ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်း များ ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင် ပေးခြင်း စီမံကိန်းကို ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ စာချုပ်(MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင် အွန်လိုင်း အစီအစဉ်ဖြင့် ကျင်းပခဲ့ရာ မြန်မာ နိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံရုံး Head of Development Cooperation ဖြစ်သူ Ms. Marianna Knirsch၊ DGRV ရုံး မြန်မာနိုင်ငံ ကိုယ်စားလှယ် Project Director, Mr. Marc Andre Zach နှင့် DGRV မှ တာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်