မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးအကယ်ဒမီသုံးခုအတွက် လူရွေးပွဲများ မေ ၅ ရက်မှ ၁၅ ရက်အတွင်း ကျင်းပမည်


 

 

ရန်ကုန်   မေ   ၂
မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ ချုပ်က  ဖွင့်လှစ်လျက်ရှိသည့် ဘောလုံး  အကယ်ဒမီသုံးခု အတွက် လူရွေးပွဲများကို မေ ၅ ရက်မှ ၁၅ ရက်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ  ဘောလုံး အဖွဲ့ချုပ်သည် မြန်မာဘောလုံး အကယ်ဒမီ    (မန္တလေး)၊ မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်)နှင့်   အမျိုးသား ဘောလုံး      အကယ်ဒမီ (ရန်ကုန်)တို့    ဖွင့်လှစ်ထား ပြီး၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက်      လူရွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။ 
ယင်းလူရွေးပွဲတွင်  သက် တမ်း     လေးခုအတွက် ရွေးချယ်မည်ဖြစ်ပြီး အသက် (၁၁/၁၂) နှစ်အောက် (၂၀၁၀၊ ၂၀၁၁ ခုနှစ်ဖွား)၊  အသက် (၁၃)နှစ်အောက်(၂၀၀၉ခုနှစ် ဖွား)၊ အသက်  ၁၄  နှစ် အောက် (၂၀၀၈ ခုနှစ်ဖွား)၊ အသက် ၁၅ နှစ်အောက် (၂၀၀၇   ခုနှစ်ဖွား)    တို့ ရွေးချယ်မည်   ဖြစ်သည်။ မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်)အတွက်   လူရွေးပွဲ များကို မေ ၅၊ ၆၊ ၇ ရက်တွင် ကျောက်တိုင်  အားကစား ကွင်း၊ အမျိုးသားဘောလုံး အကယ်ဒမီ    (ရန်ကုန်)အတွက် လူရွေးပွဲများကို မေ ၈၊ ၉၊ ၁၀ ရက်တွင် သုဝဏ္ဏ ကွင်း၊     မြန်မာဘောလုံး အကယ်ဒမီ       (မန္တလေး) အတွက် လူရွေးပွဲများကို မေ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွင် အကယ်ဒမီလေ့ကျင့်ရေး ကွင်းတို့၌ ပြုလုပ်သွားမည် ဖြစ်သည်။
လာရောက် ရွေးချယ်ခံရ မည့်    ကျောင်းသားသစ်များ ကို  နံပါတ်(၁) ဘောလုံးတော့ ခြင်း၊   ဘောလုံးပေးပို့ခြင်း၊ ဘောလုံး  ထိန်းသိမ်းခြင်း၊ ဘောလုံး  လိမ်ခေါက်ဆွဲ ပြေးခြင်း၊ ဘောလုံး ဆွဲပြေး ခြင်း၊  ဘောလုံးကန်သွင်း ခြင်း၊ နံပါတ် (၂) တစ်သင်း ခုနစ်ဦး၊ ရှစ်ဦး၊ ၁၁ ဦး စီပါဝင် မည့်  ကွင်းငယ်ပွဲစဉ်ကစား ခြင်း၊  နံပါတ်(၃)   ကာယ ကြံ့ခိုင်မှု        စိစစ်ခြင်းနှင့် နံပါတ်(၄)    ဘောလုံးနှင့် သက်ဆိုင်သည့်   ဗဟုသုတ စစ်ဆေးခြင်းများ   ပြုလုပ် သွားမည်ဖြစ်သည်။ ရွေးချယ် ခံမည့် ကျောင်းသားသစ်များ သည်   လက်ရှိအတန်းပညာ သင်ကြားနေသူ၊  အနိမ့်ဆုံး  မြို့နယ်ကျောင်းသား ပြိုင်ပွဲ များတွင် ပါဝင်ကစားဖူးသူ နှင့်   မြို့နယ်ဘောလုံးအဖွဲ့ ချုပ်များမှ    ထူးချွန်သည့် လူငယ်များ      ဖြစ်ရမည် ဟု   သတ်မှတ်ထားသည်။ လာရောက်   ရွေးချယ်ခံရာ တွင် အုပ်ထိန်းသူ/မိဘ  တစ် ဦးသာ  လိုက်ပါလာရမည်ဖြစ် ကာ    စားသောက်ရေး၊ နေထိုင်ရေးနှင့် ခရီးစရိတ် တို့ကို       မိမိ   အစီအစဉ် ဖြင့်  ကျခံရမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကျောင်း သားများသည်  မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်၏   စီစဉ် ပေးမှုဖြင့်  ဘောလုံးပညာနှင့်  အတန်းပညာတို့ကို အကယ် ဒမီကျောင်းတွင်   ကျောင်း အိပ်ကျောင်းစားဖြင့် သင်ယူ ရမည်ဖြစ်ပြီး     လစဉ် ထောက်ပံ့ကြေး   အပါအဝင် အခြားသော သင်ကြားရေး နှင့်     သက်ဆိုင်သည့် ထောက်ပံ့မှုများကို   လည်း ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။              ရဲရင့်လွင်