
ရန်ကုန် ဇွန် ၂၈
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူ လမ်း အမှတ် ၂၂၈ ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ စာအုပ်လှူဒါန်းပွဲ ပြုလုပ်ရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက ဖောင်ဒေးရှင်းအနေ ဖြင့် စာအုပ်များ ဝယ်ယူထောက်ပံ့ ပေးသကဲ့သို့ အလှူရှင်များ လှူဒါန်း သည့် စာအုပ်များကိုလည်း ပေးပို့ လှူဒါန်းပေးပါကြောင်း၊ စာကြည့် တိုက်များ၏အသက်မှာ စာအုပ် များဖြစ်ပါကြောင်း၊ စာအုပ်များရှိမှ သာ စာဖတ်ရှုသူများ ဖတ်ရှု လေ့လာနိုင်မည် ဖြစ်ပါကြောင်း၊ အလှူရှင်များ တိုးပွားလာသည်နှင့် အမျှ စာအုပ်များကို များများလှူ နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာအုပ်အလှူရှင်များ တိုးပွားရေး အတွက် စည်းရုံးပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက် အလှူရှင်များက စာအုပ်များ ပေးအပ်လှူဒါန်းရာ စာရေးဆရာ(စိတ်မိုး) ဆရာတော် ဦးတိက္ခဉာဏက စာအုပ်နှစ်မျိုး အုပ်ရေ ၁၃၀၊ တန်ဖိုးငွေကျပ် ၇၉၀၀၀၀၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်း မောင် (မြင်းမူမောင်နိုင်မိုး)က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တတိယသက်တမ်း လှုပ်ရှားမှုပုံရိပ်များ စာအုပ် အုပ်ရေ ၃၀၀၊ တန်ဖိုးငွေကျပ် ၂၁၀၀၀၀၀ နှင့် ဦးကျော်ဇေယျ (မယ်နှင့်မောင် စာပေတိုက်) က စာအုပ်လေးမျိုး အုပ်ရေ ၇၀၊ တန်ဖိုး ငွေကျပ် ၄၅၀၀၀၀ ပေးအပ်လှူဒါန်း ရာ ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။ ယနေ့ လှူဒါန်းမှုတွင် စာအုပ်ပေါင်း ၅၀၀၊ တန်ဖိုး ငွေကျပ် ၃၃၄၀၀၀၀ ဖြစ်သည်။ ဆက်လက်၍ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေးပြုလုပ် ပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်