
ရန်ကုန် ဩဂုတ် ၁၅
မြန်မာနိုင်ငံ၏ လေကြောင်း ဈေးကွက်အတွင်း ပထမဆုံး Service Center ဖြစ်သည့် Shoppe by MAI ကို စတင်ဖွင့်လှစ်လိုက် ကြောင်း သိရသည်။
ဖွင့်လှစ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်းရှိ International Business Center (IBC) တွင် ပြုလုပ်ခဲ့သည်။ Shoppe by MAI သည် လက်မှတ် လာရောက်ဝယ်ယူကြမည့် ခရီး သည်များအတွက် လေကြောင်း လိုင်းများနှင့် ပတ်သက်သည့် ဝန်ဆောင်မှုအားလုံးကို တစ်နေရာ တည်းတွင် စုစည်းရရှိနိုင်မည့် Service Center တစ်ခုဖြစ် ကြောင်း သိရသည်။
Shoppe by MAI ကို ရန်ကုန် မြို့ရှိ International Business Center တွင် ဖွင့်လှစ်ထားပြီး ခေတ်မီလှပသည့် ဒီဇိုင်းအပြင် အဆင်၊ နေရာထိုင်ခင်းများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် အတွက် လက်မှတ်လာရောက် ဝယ်ယူကြသည့် ခရီးသည်များ ပိုမို သက်သောင့်သက်သာ ဖြစ်စေမည့် အပြင် လေကြောင်းလိုင်းများနှင့်ပတ်သက်သည့် ဝန်ဆောင်မှု အားလုံးကိုပါ တစ်နေရာတည်းတွင် စုစည်းရရှိနိုင်မည့် Service Center တစ်ခုဖြစ်ကြောင်း သိရသည်။
Shoppe by MAI သည် သက်သောင့်သက်သာ ရှိမှုနှင့် ဆန်းသစ်တီထွင်မှုတို့၏ အနှစ် သာရများကို ပေါင်းစပ်ထားပြီး ခရီးသွားခြင်းနှင့် နေ့စဉ်နေထိုင်မှု အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် သမားရိုးကျ Service Center တစ်ခုထက်ပိုသည့် နေရာတစ်ခုပင်ဖြစ်ကြောင်း သိရ သည်။ Shoppe by MAI တွင် MAI ၏ မိတ်ဖက်ပါတနာများ ဖြစ်သည့် uab Bank နှင့် Miracle Cafe & Lounge တို့ ပါဝင်မည်ဖြစ်ပြီး Shoppe by MAI သို့ လာရောက် ကြသည့် ခရီးသည်များ၏ အထွေထွေ စုံစမ်းမေးမြန်းမှုများ နှင့် လိုအပ်သည့်ဝန်ဆောင်မှုများ အားလုံးကို ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်းလည်း သိရသည်။
ခရီးသည်များအနေဖြင့် MAI နှင့် မင်္ဂလာတို့၏ ခရီးစဉ်လက်မှတ် များ၊ အခြားသောဝန်ဆောင်မှုများ နှင့် အမှတ်တရပစ္စည်းများကို ဝယ်ယူနိုင်မည့်အပြင် uab Bank ၏ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင် မှုများကို ရယူနိုင်ခြင်း၊ Miracle Cafe & Lounge တွင် အေးဆေး သက်သာစွာ အနားယူနိုင်ခြင်းများ ကို တစ်နေရာတည်းတွင် ပြုလုပ် နိုင်မည်ဖြစ်သည်။
Htet Oo Maung