မြန်မာနိုင်ငံဂီတနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ ကျင်းပ

ရန်ကုန်  ဇွန်  ၂၇
မြန်မာနိုင်ငံ     ဂီတအစည်းအရုံး (ဗဟို) က   ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံဂီတနေ့     အထိမ်း အမှတ်    တေးဂီတဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ညနေပိုင်း တွင် ရန်ကုန်မြို့  ဒဂုံမြို့နယ်  မြို့မ ကျောင်းလမ်းရှိ  အမျိုးသားဇာတ်ရုံ ၌ ကျင်းပသည်။
အခမ်းအနားသို့  ပြန်ကြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး       ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်၊  ဂီတ၊  သဘင် အစည်းအရုံးများမှ   နာယကများ နှင့်ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တေးသီချင်း ချစ်သူပရိသတ်များ  တက်ရောက် ကြသည်။
ဦးစွာ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်    ရန်ကုန် တိုင်းဒေသကြီး          ဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည်   အခမ်းအနား သို့         တက်ရောက်လာကြသည့် တေးသံရှင်များနှင့်အတူ  စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တစ်ခဲနက်ကြည့်ရှုအားပေး
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးက    မြန်မာနိုင်ငံဂီတနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေ ပွဲသို့      တက်ရောက်အားပေးကြ သည့် တေးသီချင်းချစ်သူပရိသတ် များ  လက်ကိုင်ဝှေ့ယမ်းအားပေးနိုင်ရန်အတွက် ငွေကျပ် သိန်း ၃၀ တန်ဖိုးရှိ အလှလက်ကိုင်မီး ၁၀၀၀ အား မေတ္တာလက်ဆောင်ပေးအပ် ရာ အဆိုပါ အလှလက်ကိုင်မီးများ ဖြင့်  ပရိသတ်များက တစ်ခဲနက် ကြည့်ရှုအားပေး၍   လိုက်ပါသီဆို ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဂီတနေ့အထိမ်းအမှတ်အဖြစ် ဆင်ကြီး ဂဠုန်ချီ၊ လူချွန်လူကောင်း၊ မြန်မာ့ စိတ်ရင်း     မြန်မာ့ရှုခင်း၊      နဂါးနီ၊  နိုင်ငံတော်သီချင်းနှင့်    စည်းလုံး ခြင်းအတွက် သီချင်းတစ်ပုဒ်တို့ကို အဖွင့်တီးလုံးအဖြစ်  Performance  အကများဖြင့် တီးခတ်ဖျော်ဖြေကြ သည်။
ဂုဏ်ပြုပန်းစည်းများပေးအပ်
ဆက်လက်၍       မြန်မာဂီတ အစည်းအရုံး   (ဗဟို)   ဥက္ကဋ္ဌ ဦးလွင်မြင့် အား မြန်မာနိုင်ငံသဘင် အစည်းအရုံးဥက္ကဋ္ဌ    ဦးဖိုးချစ်နှင့် မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ    ဦးကြည်စိုးထွန်းတို့က ဂုဏ်ပြုပန်းစည်းများ     ပေးအပ် ကြသည်။
ထို့နောက်  တေးဂီတဖျော်ဖြေ ပွဲတွင်     စန္ဒရားဘိုတာထွန်းညွန့် တေးဂီတအဖွဲ့၊    ART   ROBOT (သုခုမစက်ရုပ်များ)တေးဂီတအဖွဲ့၊  IMMORTAL BAND & PLUSTHREE     တေးဂီတအဖွဲ့၊   HORIZOON  တေးဂီတအဖွဲ့တို့က     ဖျော်ဖြေ တီးခတ်ပေးပြီး   ထား၊  မြန်မာပြည် သိန်းတန်၊ တင်ဦးလေး၊ သန်းမြတ် စိုး၊   ကေတုဝင်းထွဋ်   ၊ ခင်မောင်ထူး၊   ဘိုဘိုဟန်၊  ဂျက်မြ သောင်း၊   မေရွက်ဝါ၊       Lဆိုင်းဇီ၊     အိုင်းရင်းဇင်မာမြင့်၊      နောနော်၊        ဖိုးသောကြာ၊ ကောင်းဆက်၊ ဝေလ၊   ညီမင်းခိုင်၊     ပူစူး၊    အောင်ထက်၊   အစ္စဏီ၊    ဇွဲပြည့်၊   ဟန်ထူးဈာန်၊  ရဲထိုက်၊     သီရိဂျေမောင်မောင်၊  ဂျေညီမလေး၊   ပိုပို၊  မီးနို၊   အိအိ၊   ချယ်ရီသင်း၊   မေသက်ထားဆွေ၊ အေးမြဖြူ၊ ဖြိုးကျော်ထိုက်၊ ဆိုင်းစံ၊ မေစံပယ်ညို၊   အောင်အေးချစ်၊ ရွှေနန်းထက်၊       စစ်မာန်နှင့် ကြည်ဖြူခင်တို့က   တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေကြပြီး ယနေ့ ဖျော်ဖြေပွဲတွင်      စုစုပေါင်း တေးသီချင်းပုဒ်ရေ   ၈၀  ခန့် သီဆို ဖျော်ဖြေခဲ့ကြသည်။
၁၉၃၆ ခုနှစ်  ဇွန် ၂၇ရက်တွင် မြင်းခြံမြို့၌      ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက်   တို့ဗမာ အစည်းအရုံး    ညီလာခံကြီးက တို့ဗမာသီချင်းကို   အမျိုးသား သီချင်းအဖြစ်   အတည်ပြုပြဋ္ဌာန်း ခဲ့သည်။
မြန်မာ့ဂီတနေ့  သတ်မှတ်နိုင် ရန်အတွက် ဂီတပညာရှင်များက အကြံပြုကြရာ မြန်မာ့လွတ်လပ် ရေးကြိုးပမ်းမှု     သမိုင်းစဉ်တွင် မြန်မာ       တိုင်းရင်းသားများ၏ တိုင်းချစ်၊  ပြည်ချစ်   စိတ်ဓာတ် အမျိုးသားရေးစိတ်ဓာတ်များကို မြှင့်တင်ပေးသော    သမိုင်းပေး တာဝန်ကျေပွန်ခဲ့ကြသည့်  ဂီတ ပညာရှင်ကြီးများကို   ဂုဏ်ပြုရာ၊ ဂုဏ်တင်ရာ၊     ဂုဏ်ယူစရာဖြစ် အောင်၊   ဂီတသမားများထာဝစဉ် အမျိုးသားရေးစိတ်ဓာတ် ရှင်သန် နေစေရအောင်  တို့ဗမာသီချင်းကို အမျိုးသားသီချင်းအဖြစ် အတည် ပြုပြဋ္ဌာန်းလိုက်သော ဇွန် ၂၇ ရက် ကို မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ် ရန်  ၂၀၂၃  ခုနှစ်   ဇွန် ၄  ရက်က ကျင်းပခဲ့သည့်    မြန်မာနိုင်ငံ ဂီတ အစည်းအရုံး     အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတွင် သတ်မှတ်     အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဂီတဆုချီးမြှင့်ပွဲများ
ဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) က သမိုင်းဝင်ဂီတနေ့ဖြစ် သော ဇွန် ၂၇ ရက်ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် နှစ်စဉ်ဂီတပြိုင်ပွဲ များ၊ ပြပွဲများ၊ ဂီတဆုချီးမြှင့်ပွဲများ နှင့် ဂီတနှင့်ပတ်သက်သော လှုပ်ရှား မှုများကို   အကောင်အထည်ဖော် နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။
ယနေ့   ဇွန်  ၂၇   ရက်တွင် ကျရောက်သည့်    မြန်မာနိုင်ငံ ဂီတနေ့ ဂီတဖျော်ဖြေပွဲသို့ ဂီတ အလွှာအသီးသီးမှ  အနုပညာရှင် များ၊  တေးသီချင်းချစ်သူပရိသတ် များ  စုံညီစွာ တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိကြ သည်။         
သတင်းစဉ်