
၁။ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ဦးဆောင်ကျင်းပမည့် မြန်မာနိုင်ငံဂီတနေ့ ဇွန်လ(၂၇)ရက်နေ့တွင် ပြည်သူများအတွက် တေးဂီတဖျော်ဖြေပွဲကြီးကို နာမည်ကျော် တေးဂီတတီးဝိုင်းများနှင့် နိုင်ငံကျော်တေးသံရှင်များစုဖွဲ့၍ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ၂၇-၆-၂၀၂၄ ရက်နေ့ ညနေ ၅:၀၀ နာရီအချိန် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
၂။ အဆိုပါ တေးဂီတဖျော်ဖြေပွဲကြီးသို့ ပြည်သူများနှင့် ဂီတအနုပညာရှင်များ လာရောက်ကြည့်ရှုနိုင်ရန် ဝင်ခွင့်လက်မှတ် များကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် နံနက် ၁၀:၀၀ နာရီအချိန်မှစ၍ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တွင် လည်းကောင်း၊ အမျိုးသားဇာတ်ရုံ(မြို့မကျောင်းလမ်း)တွင် လည်းကောင်း၊ မြို့နယ်ဂီတအစည်းအရုံးများတွင်လည်းကောင်း၊ ဂီတလောကသားများနှင့် ဂီတဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)