မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇူလိုင်   ၃၁  
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ      စာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန    အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့     စာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ    စီမံကိန်းနှင့်   ဘဏ္ဍာရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဦးစီးဌာနများ မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ   ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး ရန်ကုန်/မန္တလေး   မြို့တော် စည်ပင်သာယာရေး   ကော်မတီ၊ မြန်မာနိုင်ငံ    ကုန်သည်များနှင့် စက်မှုလက်မှု    လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံကြက်ခြေ နီအသင်း၊    မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း တို့မှ  ကိုယ်စားလှယ်များ၊   တိုင်း ဒေသကြီး/ပြည်နယ်များမှ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ပြည်နယ် စာရင်းကောက်ယူ ရေး    လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများက    ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်   တက်ရောက် ကြသည်။
အစည်းအဝေးတွင်    လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ   အမျိုးသား ကော်မတီ၏   အမျိုးသားအဆင့် ဒုတိယ (၅) နှစ်စီမံချက်   (၂၀၂၄-၂၀၂၈)    ကာလအစဖြစ်သည့် ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး /  ပြည်နယ်များ တွင်   ကလေးလုပ်သားစစ်တမ်း ကောက်ယူရန်     Pilot Project အဖြစ်ဆောင်ရွက်မည့်     မြို့နယ် သတ်မှတ်    ရွေးချယ်ထားရှိမှု၊ လုပ်ငန်းအချိန်ဇယားအတိုင်း စီစဉ် ဆောင်ရွက်မှု၊ ဘဏ္ဍာငွေလျာထား မှုနှင့်      မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅) နှစ် စီမံချက်   အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေးတို့နှင့် စပ်လျဉ်း ၍  ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဗဟိုစာရင်းအင်း အဖွဲ့    ညွှန်ကြားရေးမှူးချုပ်က စာရင်းကောက်ယူရေး     လုပ်ငန်း ကော်မတီ(၁/၂၀၂၄)    လုပ်ငန်း ညှိနှိုင်းအစည်းအဝေး   ဆုံးဖြတ် ချက်များအား ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်    ရှေ့ဆက်ဆောင် ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း ၍  ရှင်းလင်းတင်ပြရာ  လုပ်ငန်း ကော်မတီအဖွဲ့ဝင်များက ကလေး လုပ်သားစစ်တမ်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက် ၍  ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏  ဆွေးနွေးတင်ပြမှု များ၊    အကြံပြုချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။       သတင်းစဉ်