မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ဒုတိယနေ့ စာတမ်းဖတ်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်    ဇွန်    ၂၆
မြန်မာနိုင်ငံလုံးဆိုင်ရာ  ပညာရေးညီလာခံ (၂၀၂၄) ဒုတိယနေ့ စာတမ်းဖတ်ပွဲများကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဒေါက်တာ ညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သည် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၏ သုတေသနပြကွက်များနှင့် ဆက်စပ် ဝန်ကြီးဌာနများ၏ ပြကွက်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက်     စာတမ်းဖတ်ပွဲများသို့ သွားရောက်ကြည့်ရှုအားပေးရာ     ပြည် ထောင်စုဝန်ကြီး        ဒေါက်တာညွန့်ဖေ (ယာပုံ)   နှင့်  ဒုတိယဝန်ကြီး  ဒေါက်တာ ဇော်မြင့်က        စာတမ်းနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး ပြောကြားကြသည်။
အလားတူ    ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်       ဒေါက်တာ မျိုးသိန်းကျော်၊  ဒုတိယဝန်ကြီး  ဒေါ်နုမြဇံ နှင့်      ဒေါက်တာအောင်ဇေယျတို့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ၂၀၂၄ ၏ ဒုတိယနေ့ စာတမ်းဖတ်ပွဲများသို့ လှည့်လည်ကြည့်ရှုအားပေးကြပြီး စာတမ်း များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး  ပြောကြားခဲ့ကြသည်။
စာတမ်း (၆) စောင် ဖတ်ကြား
ဒုတိယနေ့ဆွေးနွေးပွဲကို အခန်း(၆) ခန်းတွင် အုပ်စု (၆) စုခွဲ၍ ခေါင်းစဉ်ကြီး (၆) ခုဖြင့် ကျင်းပကြရာ တစ်အုပ်စုလျှင် စာတမ်းရှင်များက    စာတမ်း (၆) စောင် ဖတ်ကြားကြပြီး တက်ရောက်လာကြသူ များက ဆွေးနွေးကြသည်။
Parallel  Session  1  အခြေခံပညာ ကဏ္ဍတွင်       “တိုင်းချစ်ပြည်ချစ်ရှိသော လူငယ်များပေါ်ထွက်လာစေရေး” ခေါင်းစဉ် ဖြင့်ကျင်းပရာ သဘာပတိအဖြစ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့် ထွန်း၊   အခြေခံပညာဦးစီးဌာန၊   တွဲဖက်  သဘာပတိအဖြစ်   ညွှန်ကြားရေးမှူးချုပ်  ဦးညွန့်ဝင်း၊ အနုပညာဦးစီးဌာန၊ ဗိုလ်မှူး ချုပ်   စိုးသန်း၊    ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ရုံး၊           ကာကွယ်ရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ကြပြီး ကာကွယ်ရေးဝန်ကြီး ဌာန၊ တပ်မတော်နည်းပညာတက္ကသိုလ်  ကထိက ဒုတိယဗိုလ်မှူးကြီး ရှုအောင်ဝင်း က “နိုင်ငံ့အနာဂတ်လှပဖို့ လူငယ်များ၏ တိုင်းပြည်ချစ်စိတ်ကို    စနစ်တကျပြုစု ပျိုးထောင်ကြပါစို့” စာတမ်း၊ အနုပညာ ဦးစီးဌာန   ညွှန်ကြားရေးမှူး  ဒေါက်တာ လဲ့လဲ့အောင်က “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် အခြေခံပညာ၏ အခန်းကဏ္ဍ” စာတမ်း၊ ပညာရေးသုတေသန၊ စီမံကိန်း နှင့်     လေ့ကျင့်ရေးဦးစီးဌာန     ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ် ထွန်းက “တိုင်းချစ်ပြည်ချစ်စိတ်ရှိသော  လူငယ်လူရွယ်များ    ပေါ်ထွက်လာရေး အတွက်        အခြေခံပညာသင်ရိုးတွင် အထောက်အကူပြု          သင်ခန်းစာများ ထည့်သွင်းထားမှုကို    ဆန်းစစ်လေ့လာ ခြင်း” စာတမ်း၊ အခြေခံပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုဝင်းက  “ကျောင်းသားလူငယ်များအား နိုင်ငံတော် ကို ချစ်မြတ်နိုး၍ တန်ဖိုးထားမှုများ ပိုမို မြင့်မားလာစေရန်    ကျောင်းနေအရွယ် မှစ၍     လေ့ကျင့်ပျိုးထောင်ပေးခြင်း” စာတမ်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာဥမ္မာသန်းက “စာဖတ် ခြင်းမှသည်     ကျောင်းသားလူငယ်များ အသိဉာဏ်    အတွေးအခေါ်    မြင့်မား၍ မျိုးချစ်စိတ်ဓာတ်     ရှင်သန်လာစေရန် ကျောင်းစာကြည့်တိုက်ကဏ္ဍ အားကောင်း လာစေရေး” စာတမ်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန       ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အဲမွန်ထွန်းက “ကျန်းမာရေး အဆင့်မြှင့် ကျောင်းများတည်ထောင်ခြင်း ဖြင့်    နိုင်ငံချစ်စိတ်    မျိုးချစ်စိတ်ဓာတ် ရှိသော လူငယ်များပေါ်ထွက်လာစေရန်  အထောက်အကူဖြစ်စေခြင်း”    စာတမ်း တို့ကို ဖတ်ကြားကြပြီး တက်ရောက်လာ သူများက ဆွေးနွေးကြသည်။ 
တက်ရောက်လာသူများကဆွေးနွေး
အလားတူ    Parallel    Session  2 အဆင့်မြင့်ပညာကဏ္ဍတွင်       “အရည် အသွေးပြည့်ဝသော     ပညာတတ်များ မွေးထုတ်ရေး”    ခေါင်းစဉ်ဖြင့်ကျင်းပရာ  သဘာပတိအဖြစ် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာတင်ထွန်း၊ တွဲဖက်သဘာ ပတိအဖြစ် Naypyitaw State Academy၊  ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းဆောင်ရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ  နိုင်နိုင်အောင်တို့က       ဆောင်ရွက်ကြပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၊  ကထိက(ဌာနမှူး)  ဒေါက်တာ ဋ္ဌေးကြွယ်က “လက်တွေ့အသုံးချနယ်ပယ် တွင် အရေးပါမည့် ပညာရှင်များမွေးထုတ် ရေး” စာတမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းဆောင်ရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ သမိုင်းဌာန၊ ပါမောက္ခဒေါက်တာ မြတ်ရည်ဟန်က           “ပြည်ထောင်စု စိတ်ဓာတ်နှင့် အရည်အသွေးပြည့်ဝသော  ပညာတတ်     တိုင်းရင်းသားလူငယ်များ  မွေးထုတ်ပေးရေး” စာတမ်း၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်(ရေဆင်း)၊ ပါမောက္ခ ချုပ် ဒေါက်တာခင်မောင်ဆင့်က “သဘာဝ ပတ်ဝန်းကျင်       ထိန်းသိမ်းရေးအတွက် အရည်အသွေးပြည့်ဝသော ပညာရှင်များ မွေးထုတ်ရေး” စာတမ်း၊ ရန်ကုန်တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုက  “သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင် ရေး”    စာတမ်း၊      ရန်ကုန်နည်းပညာ တက္ကသိုလ်၊               ဒုတိယပါမောက္ခချုပ် ဒေါက်တာလှမျိုးထွန်းက “အဆင့်မြင့် ပညာကဏ္ဍ၏ အရည်အသွေးစီမံခန့်ခွဲမှု နှင့်ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး” စာတမ်း၊ ဆေးတက္ကသိုလ်(တောင်ကြီး)၊  ပါမောက္ခ(ဌာနမှူး)   ဒေါက်တာအောင် ကျော်သူက “နိုင်ငံတကာအဆင့်မီသင်ရိုး ညွှန်းတမ်းဖြင့် အရည်အသွေး ပြည့်ဝသော  ပညာရှင်များ  မွေးထုတ်ရေး”   စာတမ်း တို့ကို ဖတ်ကြားကြပြီး တက်ရောက်လာ သူများက ဆွေးနွေးကြသည်။
Parallel Session 3 သက်မွေးပညာ ကဏ္ဍတွင် “ထုတ်လုပ်မှုကို အားပေးသော  သက်မွေးပညာတိုးတက်ရေး” ခေါင်းစဉ် ဖြင့် ကျင်းပရာ သဘာပတိအဖြစ် သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန၊        နည်းပညာ သက်မွေးပညာနှင့်     လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ်      (ဘယ်လင်း)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်၊      တွဲဖက်သဘာပတိအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးသုတေသနဦးစီး  ဌာန၊       ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာဆောဘောမ်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊    သမ ဝါယမနှင့်  စီမံခန့်ခွဲမှုပညာ  တက္ကသိုလ် (စစ်ကိုင်း)၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ တို့က ဆောင်ရွက်ကြပြီး သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန၊      အမျိုးသား ယဉ်ကျေးမှုနှင့်       အနုပညာတက္ကသိုလ် (မန္တလေး)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)       ဒေါ်အေးစန္ဒာအောင်က “မြန်မာ့ယဉ်ကျေး မှုအနုပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အနု ပညာသင်ကျောင်းများ၏ အခန်းကဏ္ဍ” စာတမ်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်း၊           ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာလှမိုးခိုင်က     “စိုက်ပျိုးရေး၊  မွေးမြူရေးထုတ်ကုန် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့  သက်မွေးပညာသင်ယူခြင်းဖြင့် ကျွမ်းကျင် ပညာရှင်များမွေးထုတ်စို့”        စာတမ်း၊ သမဝါယမကောလိပ်(မန္တလေး)၊ ကထိက ဒေါ်မိုးမိုးကြည်က “မိရိုးဖလာ သက်မွေး လုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေး”  စာတမ်း၊ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) စက်မှုသင်တန်းကျောင်း            (မန္တလေး)၊ ကျောင်းအုပ်          ဒေါ်လှိုင်လှိုင်သာက “ထုတ်လုပ်မှုကိုအားပေးသော သက်မွေး ပညာ    ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ  ဖော်ထုတ်ရေး”      စာတမ်း၊      သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာနေဇာအောင် က   “Industry  4.0  ဖြင့်  ထုတ်လုပ်မှု တိုးမြှင့်ရေး       နည်းပညာများအတွက် နည်းပညာနှင့်   သက်မွေးပညာကဏ္ဍ၏  အရေးပါမှု”   စာတမ်း၊     ဂျပန်-မြန်မာ အောင်ဆန်း    သက်မွေးပညာသင်တန်း ကျောင်း၊  ကျောင်းအုပ်ကြီး  ဒေါက်တာ ရန်နိုင်ထွန်းက “သက်မွေးပညာကျောင်း များ၏    အရည်အသွေး     စီမံခန့်ခွဲမှု” စာတမ်းတို့ကို   ဖတ်ကြားကြပြီး   တက် ရောက်လာကြသူများက       ဆွေးနွေး ကြသည်။
Parallel Session 4 ဆရာအတတ် ပညာကဏ္ဍတွင်    “ဆရာ ဆရာမများ၏ အရည်အသွေး စဉ်ဆက်မပြတ် မြှင့်တင် ရေး” ခေါင်းစဉ်ဖြင့်ကျင်းပကြရာ သဘာ ပတိအဖြစ် ပညာရေးဝန်ကြီးဌာန ဆရာ အတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဒေါ်နှင်းကြည်၊ တွဲဖက်သဘာပတိ အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည် ထောင်စုတိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုး ရေးတက္ကသိုလ်၊ ရူပဗေဒဌာန၊ ပါမောက္ခ ဒေါက်တာဆောင်ဆွမ့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊    ရှေးဟောင်း သုတေသနနှင့်   အမျိုးသားပြတိုက်ဦးစီး ဌာန၊         ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြတိုက်များ) ဦးဝင်းကြိုင်တို့က ဆောင် ရွက်ကြပြီး မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်၊             ဒုတိယပါမောက္ခချုပ် (သင်ကြား) ဒေါက်တာစန္ဒာနိုင်က “ဆရာ  ဆရာမအရည်အသွေး နိုင်ငံတကာအဆင့် မီစေရေး”     စာတမ်း၊     ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ         ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)၊ ပညာရေးသဘော တရားဌာန၊ ပါမောက္ခ(ဌာနမှူး) ဦးဇမ်ရှင်း ခိုင်က “နယ်စပ်ဒေသများရှိ ဆရာ ဆရာမ များ၏  အရည်အသွေး  စဉ်ဆက်မပြတ် မြှင့်တင်ရေး” စာတမ်း၊ ရှေးဟောင်းသုတေ သနနှင့်     အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ ညွှန်ကြား ရေးမှူး ဒေါ်နန်းလောဝ်ငင်းက “ပြတိုက် ပညာပေးရေး အခန်းကဏ္ဍနှင့် ဆရာများ ၏ အရည်အသွေးမြှင့်တင်ရေး” စာတမ်း၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  အေးဖြူဇင်က  “လုပ်ငန်းခွင် အတွင်းရှိ   ဆရာ  ဆရာမများ၏  အရည် အသွေး စဉ်ဆက်မပြတ်တိုးတက်စေရေး” စာတမ်း၊      တောင်ကြီးပညာရေးဒီဂရီ ကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူ ဦးက   “ပညာရေး   ဒီဂရီကောလိပ်များ တွင်   အရည်အသွေးပြည့်ဝသော   ဆရာ ဆရာမများ    မွေးထုတ်ရေး”    စာတမ်း၊ လားရှိုးပညာရေး         ဒီဂရီကောလိပ်  ကျောင်းအုပ်ကြီး  ဒေါက်တာ  လွင်လွင်စန်း က    “ဆရာများအတွက်  တတ်ကျွမ်းမှု စံသတ်မှတ်ချက်  အညွှန်းဘောင် (TCSF) ဖြင့် အကောင်အထည်ဖော်မှုကို လေ့လာ ခြင်း”   စာတမ်းတို့ကို   ဖတ်ကြားကြပြီး တက်ရောက်လာကြသူများက   ဆွေးနွေး ကြသည်။
တက်ရောက်
Parallel Session 5 သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတွင်    “သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက် ရေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ သဘာပတိ အဖြစ်   သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန    ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ ဖြူဖြူဝင်း၊     တွဲဖက်သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊     ဆေးသုတေ သနဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်း၊  မွေးမြူရေး ဆိုင်ရာ  ဆေးတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်    ဒေါက်တာလတ်လတ်ထွန်းတို့က ဆောင်ရွက်ကြပြီး  ကာကွယ်ရေးဝန်ကြီး ဌာန၊  စစ်တက္ကသိုလ်၊   ကထိက ဒုတိယ ဗိုလ်မှူးကြီး သန်းနိုင်စိုးက “Academy of Science များ ထူထောင်ပြီး သက်ဆိုင် ရာ  သိပ္ပံဘာသာရပ်များအလိုက်  သုတေ သနများလုပ်ဆောင်စေခြင်းဖြင့်   သုတေ သနနှင့်   တီထွင်ဆန်းသစ်မှုများ     ဖွံ့ဖြိုး တိုးတက်စေခြင်း” စာတမ်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန  သုတေသနအရာရှိ  ဒေါက်တာအောင်ကျော်သူက “ဆန်းသစ်  တီထွင်မှုရှိသော      စိုက်ပျိုးမွေးမြူရေး သုတေသနရလဒ်များအပေါ်  အခြေခံပြီး  ဘက်စုံ      ပေါင်းစပ်ဆောင်ရွက်ခြင်း” စာတမ်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ စာရင်းအင်းပညာ ဌာန ပါမောက္ခ ဒေါက်တာချောအိအိထွန်း က “တီထွင်ဆန်းသစ်မှုသို့  ဦးတည်သော သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး”    စာတမ်း၊     သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်         ဒေါက်တာ သောင်းနိုင်ဦးက    “နိုင်ငံတော်   စဉ်ဆက် မပြတ်           ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေ သနနှင့် တီထွင်ဆန်းသစ်မှုအခန်းကဏ္ဍ” စာတမ်း၊ သုတေသနနှင့် တီထွင်ဆန်းသစ် မှုဦးစီးဌာန၊  သတင်းအချက်အလက်နှင့်  ဆက်သွယ်ရေး    နည်းပညာသုတေသန ဌာန        ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ   တင်တင်သိန်းက    “မြန်မာ နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ကို    အားကောင်းလာစေခြင်း”  စာတမ်း၊  ဆေးသုတေသနဦးစီးဌာန      ညွှန်ကြား ရေးမှူး  (သုတေသန)  ဒေါ်ဝါဝါအောင်က “အခြေခံသုတေသနနှင့် အသုံးချသုတေ သနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး” စာတမ်းတို့ကို   ဆွေးနွေးကြပြီး   တက် ရောက်လာကြသူများက          ဆွေးနွေး ကြသည်။ 
Parallel Session 6   အရည်အသွေး အာမခံမှုကဏ္ဍတွင် “အရည်အသွေးအာမခံ မှုရှိသော ပညာရေးစနစ်  ပိုမိုအားကောင်း လာစေရေး”   ခေါင်းစဉ်ဖြင့်    ကျင်းပရာ သဘာပတိအဖြစ် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်  ပါမောက္ခချုပ်    ဒေါက်တာ ကြည်ရွှင်၊      တွဲဖက်သဘာပတိများ အဖြစ်       ဆေးတက္ကသိုလ်  (၁)    ရန်ကုန် ပါမောက္ခချုပ်  ဒေါက်တာကျော်ရွှေ၊  သမ ဝါယမနှင့်    စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)    ပါမောက္ခချုပ်   ဒေါက်တာ ရီရီဝင်းတို့က ဆောင်ရွက်ကြပြီး  မွေးမြူရေး ဆိုင်ရာ      ဆေးတက္ကသိုလ်      ညွှန်ကြား ရေးမှူး ဒေါက်တာလှိုင်မင်းဦးက “အရည် အသွေးအာမခံချက်ရှိသော    စိုက်ပျိုးရေး ပညာရှင်များနှင့် မွေးမြူဆေးကုပညာရှင် များ    ပေါ်ထွက်လာစေရေး”   စာတမ်း၊ ရန်ကုန်နိုင်ငံခြားဘာသာ     တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနီနီအောင် က    “အဆင့်မြင့်ပညာရေးတွင်    အရည် အသွေး အာမခံစနစ်များကို  ခိုင်ခံ့မြဲမြံစေရန်ဆောင်ရွက်ရေး” စာတမ်း၊ Naypyitaw State    Academy        အင်္ဂလိပ်စာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီရိအောင် က   “အဆင့်မြင့်ပညာရေးအဖွဲ့အစည်း များ၏  အရည်အသွေးအာမခံချက်အပေါ် နိုင်ငံတကာ       အသိအမှတ်ပြုမှုရရှိရေး” စာတမ်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)  ပါမောက္ခ(ဌာနမှူး) ဒေါက်တာသင်းသင်းယုက  “လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးအာမခံမှုရှိသော ပညာရေး စနစ် ဖြစ်ထွန်းလာစေရေး”     စာတမ်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ တက္ကသိုလ်     (မှော်ဘီ)    ပါမောက္ခချုပ် ဒေါက်တာ ကေသီလွင်က “အရည်အသွေး အာမခံမှုစနစ်၏ စိန်ခေါ်မှုများကို  ဖြေရှင်း ဆောင်ရွက်ရေးနည်းလမ်းများ” စာတမ်း၊ ကျန်းမာရေးဝန်ကြီးဌာန၊  ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး  ဒေါက်တာ ကျော်စိုးညွန့် နှင့်   ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာ ပိုင်သစ္စာတို့က  “အရည်အသွေးအာမခံမှု ရှိသော သင်ကြားသင်ယူမှုစနစ်ကို ဆန်းစစ် အကဲဖြတ်ခံနိုင်ရေး”      စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာသူများ က   ဆွေးနွေးအကြံပြုကြကာ    Plenary Session အတွက် အုပ်စုအလိုက် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။   
“လူ့စွမ်းအားအရင်းအမြစ်         ဖွံ့ဖြိုး တိုးတက်ရေး ပညာရေးကို ပိုမိုမြှင့်တင်ပေး” ဦးတည်ချက်ဖြင့်   ကျင်းပသည့်    မြန်မာ နိုင်ငံလုံးဆိုင်ရာ  ပညာရေးညီလာခံ ၂၀၂၄ ဒုတိယနေ့ စာတမ်းဖတ်ပွဲများနှင့် ပြခန်း များကို    သူနာပြုကျောင်းသူများ၊ စိုက်ပျိုး ရေးသိပ္ပံ(ပျဉ်းမနား)မှ ဆရာ  ဆရာမများ နှင့်     ကျောင်းသား   ကျောင်းသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)မှ   ဆရာ ဆရာမများနှင့်  ကျောင်းသား ကျောင်းသူများ၊   အခြေခံပညာကျောင်း များမှ ဆရာ ဆရာမများနှင့် ကျောင်းသား  ကျောင်းသူများ     လာရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
ခင်းကျင်းပြသ
အဆိုပါ ပြခန်းများတွင် ပညာရေး ဝန်ကြီးဌာနရှိ တက္ကသိုလ်များ၏ လက်တွေ့ သုတေသနပြကွက်များ၊        သုတေသန လုပ်ငန်းစဉ် ပိုစတာပြကွက်များ၊ ဆက်စပ် ဝန်ကြီးဌာနများ၏    လုပ်ငန်းဆောင်ရွက် ချက်များ၊        ဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက်    ပြခန်း များဖြစ်သည့်      ရေကြောင်းပညာရပ်၊ ဆိပ်ကမ်းအင်ဂျင်နီယာပညာနှင့် မြစ်ချောင်း နှင့် ကမ်းရိုးတန်းအင်ဂျင်နီယာ ပညာများ အတွက်   အသုံးချနိုင်သည့်   ရေလှိုင်းတု ထုတ်  ပုံစံငယ်ပြကွက်၊    နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်ရှိ   တက္ကသိုလ်   ဒီဂရီ ကောလိပ်များရှိ ကျောင်းသား ကျောင်းသူ များ  တီထွင်ဖန်တီးထားသည့်    Solar Light Trucker ပြကွက်များ၊ 3D LED Cube ပြကွက်များနှင့်  သုတေသနစာတမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာန   ပြခန်းများရှိ ကင်ဆာရောဂါကို   AI   (ဉာဏ်ရည်တု) အသုံးပြု၍   ရောဂါရှာဖွေခြင်းနှင့်   ကုသ ခြင်းတို့တွင်   အသုံးချခြင်းပြကွက်၊    AI နည်းပညာသုံး၍     ကျန်းမာရေးဆိုင်ရာ ပညာရပ်များ  သင်ကြားခြင်းပြကွက်၊ သိပ္ပံ နှင့်     နည်းပညာဝန်ကြီးဌာနပြခန်းရှိ အာကာသသိပ္ပံနှင့်     နည်းပညာဆိုင်ရာ သိမှတ်ဖွယ်ရာ ပြကွက်များနှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်းတွင် ဉာဏ်စမ်းပဟေဠိများ ပါဝင်သည့် ပြကွက် များကို ခင်းကျင်းပြသထားကြောင်း  သိရ သည်။                    သတင်းစဉ်