မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

နေပြည်တော်   ဇွန်    ၂၇
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင်  နေပြည်တော်ရှိ    မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌  ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။  
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်     ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်  တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း    စစ်ဌာနချုပ် တိုင်းမှူး၊    ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ် ကြီးများ၊    ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊  စာတမ်းရှင်များ နှင့် ဆရာ ဆရာမများ တက်ရောက် ကြသည်။
ကျေးဇူးတင်စကားပြောကြား
ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပ ရေးဦးစီးကော်မတီ    အတွင်း ရေးမှူး   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ     (၂၀၂၄)  အောင်မြင်စွာ   ကျင်းပနိုင်ခဲ့မှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ကြည့်ရှုအားပေး
ထို့နောက်     ပြန်ကြားရေး ဝန်ကြီးဌာန    မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန     အနု ပညာဦးစီးဌာနနှင့်     ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး  ကွပ်ကဲမှု အောက်ရှိ  မြဝတီရုပ်မြင်သံကြား တို့မှ အနုပညာရှင်များက   ယိမ်း အကများ၊      တေးသီချင်းများ၊ ကျောင်းသီချင်းများ    ပေါင်းစပ် တစ်ခန်းရပ်အစီအစဉ်၊  အကအလှ များ၊ တေးသရုပ်ဖော်အကများဖြင့် သီဆို ကပြဖျော်ဖြေ တင်ဆက်ကြ ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက ကြည့်ရှုအားပေး ကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဂုဏ်ပြုညစာစားပွဲ    အခမ်း အနားအပြီးတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကပြဖျော်ဖြေ ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီး ဌာန   မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန အနုပညာဦးစီးဌာန နှင့်    ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး   ညွှန်ကြား ရေးမှူးရုံး     ကွပ်ကဲမှုအောက်ရှိ မြဝတီရုပ်မြင်သံကြားတို့မှ   အနု ပညာရှင်များအား    ဂုဏ်ပြုပန်း ခြင်းနှင့်      ဂုဏ်ပြုဆုငွေများ   ပေးအပ်ချီးမြှင့်ပြီး    ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း   သတင်းရရှိ သည်။
သတင်းစဉ်