မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်

 

နေပြည်တော် နိုဝင်ဘာ ၂၀


မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့သည် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်သစ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး Ms. Riikka Laatu က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ဖင်လန်နိုင်ငံက လက်ရှိ ကူညီထောက်ပံ့ပေးလျက်ရှိသော ငြိမ်း ချမ်းရေးနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ သစ်တောသယံဇာတ စီမံခန့်ခွဲရေး၊ အရည်အသွေးပြည့်ဝ သော မူလတန်းပညာသင်ယူနိုင်မှု အတွက် ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြားရေးနှင့် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာလုပ်ငန်းများအတွက် မြန်မာနိုင်ငံအား ကူညီပေးနေ သည်ကို တွေ့ရှိရကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ဖင်လန်သံအမတ်ကြီး တို့က ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မည့် ငြိမ်းချမ်းရေး၊ ပညာရေး၊ ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေးနှင့် ရာသီ ဥတုဒဏ်ခံနိုင်ရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးမှုအကူအညီများအား ပွင့်လင်း မြင်သာပြီး ထိရောက်မှုရှိစေရေး အတွက် မြန်မာနိုင်ငံဖွံ့ဖြိုးမှုအကူအညီ ဆိုင်ရာမူဝါဒ (DAP) အား ပြန်လည် ပြင်ဆင်ရေးဆွဲထားပြီးဖြစ်၍ လုပ်ထုံး လုပ်နည်းများနှင့်အတူ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့်ကိစ္စရပ်များကို လည်း ကောင်း၊ COVID-19 စီးပွားရေးထိခိုက် မှုသက်သာရေးစီမံချက် (CERP) အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် COVID-19 ကပ်ရောဂါအလွန် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေး နှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ဆက်လက်အကောင် အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေ မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်တို့တက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး နှင့်အတူ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဖွံ့ဖြိုးမှုအကူအညီပေးရေး ဆိုင်ရာ အကြံပေးအရာရှိများ၊ ဖွံ့ဖြိုးမှု နယ်ပယ်အလိုက် အဖွဲ့ခေါင်းဆောင် များနှင့် အကြီးတန်းအရာရှိများ ပါဝင် တက်ရောက်သည်။
သတင်းစဉ်