
နေပြည်တော် မေ ၃၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် (သန်လျင်) ၌ အသစ်တည်ဆောက်ပြီးစီးခဲ့သော ကျောင်းသားဆောင် (သံလွင် ဆောင်) နှင့် ကျောင်းသူဆောင် (မြရည်နန္ဒာဆောင်) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပင်မဆောင် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက် ပါမောက္ခများ၊ အင်ဂျင်နီယာမှူး ကြီးများ၊ ဌာနခွဲမှူးများ၊ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြပြီး ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိ သူများက ကျောင်းသားဆောင် (သံလွင်ဆောင်)နှင့် ကျောင်းသူ ဆောင်(မြရည်နန္ဒာဆောင်)တို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ကျောင်းသား ကျောင်းသူများ နေထိုင်မည့် အခန်းများ၊ ထမင်းစား ဆောင်၊ သန့်စင်ခန်း၊ ရေချိုးခန်း များနှင့် အဆောင်ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြ သည်။
ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာနေထိုင်နိုင် ရေးအတွက် အဆိုပါကျောင်းဆောင် သစ်များကို တည်ဆောက်ပေး ခဲ့ခြင်းဖြစ်ပြီး (၂၁၂ ပေ x ၁၃၂ ပေ x ၄၂ ပေ) အကျယ်အဝန်းရှိသည့် ၂၄၀ ဆံ့ သုံးထပ်ဆောင်များဖြစ် သည်။ ယခင်က မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် အဆောင်များ မရှိခြင်းကြောင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် ပြင်ပအဆောင်များတွင် နေထိုင်ခဲ့ရပြီး ကုန်ကျစရိတ် များပြားခဲ့သည်။ ယခုအခါ အဆောင်သစ်များ တည်ဆောက် ပေးနိုင်သည့်အတွက် ကျောင်း သား ကျောင်းသူများအနေဖြင့် အဆောင်လခ၊ စားစရိတ်၊ ခရီး စရိတ်များ သက်သာမည့်အပြင် တက္ကသိုလ် ပရဝဏ်အတွင်း အေးချမ်းလုံခြုံစွာ နေထိုင်နိုင် တော့မည်ဖြစ်သည်။
အဆောင်တိုင်းတွင် ကျောင်း သားတစ်ဦးစီအတွက် ခုတင်၊ အဝတ်ဗီရို၊ စာကြည့်စားပွဲ၊ ကုလား ထိုင်နှင့် အခန်းတိုင်းတွင် မျက်နှာ ကြက်ပန်ကာများ တပ်ဆင်ပေး ထားပြီး ၂၄၀ ဆံ့ ထမင်းစား ဆောင်များ ထည့်သွင်းတည် ဆောက် ပေးထားကြောင်းနှင့် တက္ကသိုလ် ပြန်လည်ဖွင့်လှစ်မည့် ဇွန် ၃ ရက်မှစတင်၍ ကျောင်း သား ကျောင်းသူများကို အဆောင် သစ်များတွင် စတင်နေထိုင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်