
နေပြည်တော် ဇွန် ၁၃
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် သီရိလင်္ကာသံအမတ်ကြီး Mrs. Ponnamperuma Arachige Prabashini Ponnam-peruma အား ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီး ဌာန ရုံးအမှတ်(၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများ အတွက် လိုအပ်သောစက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး၊ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်အဝတ် အထည်ထုတ်လုပ်ရေး စသည့်ကိစ္စရပ်များကိုရင်းရင်း နှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြား ရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်