မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

 

၁။    မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်      ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည်     မြန်မာနိုင်ငံ  သတင်းမီဒီယာကောင်စီအသစ်ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ်လောင်းအဆိုပြုလွှာများ  တင်သွင်း နိုင်ရန်   ၁-၇-၂၀၂၄  ရက်နေ့  နိုင်ငံပိုင်သတင်းစာများတွင် ဖိတ်ခေါ်ထားရှိခဲ့ပြီး အဆိုပြုလွှာများကို   ၃၀-၇-၂၀၂၄ ရက်နေ့အတွင်း ပြန်လည်တင်သွင်းရန် သတ်မှတ်ထားရှိခဲ့ပါသည်။ ရွေးကောက်တင်မြှောက် ခံမည့် ကောင်စီဝင်လောင်းအမည်စာရင်းအား သီးသန့်ထပ်မံကြေညာသွားမည်ဖြစ်ပါသည်။
၂။    သို့ဖြစ်ပါ၍ သတင်းမီဒီယာနည်းဥပဒေများ ၉၊  နည်းဥပဒေခွဲ(က)နှင့်(ခ)အရ   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်   ရွေးချယ်တင်မြှောက်ပွဲကို  အောက်ပါအစီအစဉ်အတိုင်း  ကျင်းပသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်-
    (က)    နေ့ရက်    -       ၁၀-၉-၂၀၂၄ (အင်္ဂါနေ့)
    ( ခ )     နေရာ      -     အမှတ်(၂၂၈)၊  သိမ်ဖြူလမ်း၊   ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံဝင်း၊ ပထမထပ်၊ စုဝေးခန်းမ၊ ဗိုလ်တထောင်မြို့နယ်။
    ( ဂ )       အချိန်    -         နံနက်(၁၀:၀၀)နာရီ။
            မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့