
အသိပေးကြေညာချက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်း လိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိပါသည်။ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုး လက်ခံပြီး၊ နိုင်ငံတော်၏စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေ အမျိုးမျိုးထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေး ဝန်ဆောင်မှုများဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMEs လုပ်ငန်းများကို ငွေကြေးထောက်ပံ့ ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက် ခြင်း စသည့်ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိကြောင်းကို ပြည်သူများ စိုးရိမ်မှုမရှိစေရန် မကြာခဏ ထုတ်ပြန်ပေးနေ ပါသည်။
ယခုအခါ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမားမီဒီယာများနှင့် အဖျက်သမားအုပ်စုသည် Facebook Page များဖြစ်သော Yan Paing Soe ၊ Dean Kyne ၊ YouTube Cha-nnel များဖြစ်သော Yebaw Shan Lay ၊ Big Boss ၊ Rc David၊ Khit Thit Media တို့သည်လည်း မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့စီးပွားရေးနှင့် ငွေကြေးတည်ငြိမ်မှု ပျက်ပြားစေရန်ရည်ရွယ် ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့အဖျက်သမားများက အစိုးရနှင့် အများပြည်သူ အကျိုးစီးပွား ထိခိုက်စေရန် ရည်ရွယ်၍ မကြာခဏ ရေးသားဖြန့်ဝေ နေသော လူမှုကွန်ရက်စာမျက်နှာများကို လက်ခံယုံကြည်ခြင်းမရှိရန် နှင့် စိုးရိမ်ပူပန်စရာမလိုကြောင်း ပြည်သူလူထုအနေဖြင့်လည်း အဖျက် သမားမီဒီယာများ၊ အဖျက်သမားအုပ်စုများကို ဝိုင်းဝန်းတိုက်ဖျက်ရန် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သို့ပါ၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော် ရေးသားမှု၊ ပြောကြားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ်ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ပါ ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံ ငွေများကို အပြည့်အဝ အကာအကွယ်ပေးထားပါကြောင်း ထပ်မံ အသိပေး ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်(၅-၆-၂၀၂၄)