မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ (ပထမငါးလအတွင်း) ပြည်ပခရီးသွား ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့ ယခင်နှစ် အလားတူကာလအတွင်း ခရီးသွားဧည့်သည်ရောက်ရှိမှုနှင့် နှိုင်းယှဉ်လျှင် ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာ

နေပြည်တော်   ဇွန်   ၂၁
အမျိုးသားခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန           ကျောက်စိမ်းခန်းမ၌      ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း   ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့်    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး   မြထွန်းဦး   တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   ဗဟို ကော်မတီအကြံပေးပုဂ္ဂိုလ်၊        ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ         တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း         အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့်  ပြည်နယ် ဝန်ကြီးချုပ်များက          ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးဖော်ထုတ်အဖြေရှာ 
ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်            ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး       ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယနေ့အစည်းအဝေးကို ၂၀၂၄ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အခြားနိုင်ငံများနည်းတူ ထိထိရောက်ရောက်နှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများကို    ဆွေးနွေးဖော်ထုတ်   အဖြေရှာနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂခရီး သွားလုပ်ငန်းအဖွဲ့   (UN Tourism)၏ ထုတ်ပြန်ချက် အရ  ၂၀၂၃ ခုနှစ် အတွက် ကမ္ဘာလုံးဆိုင်ရာ   ခရီးသွား ဧည့်သည်ဝင်ရောက်မှုအနေဖြင့် (၁ ဒသမ ၃) ဘီလီယံ ဝင်ရောက်ခဲ့ပြီး   ခရီးသွားလုပ်ငန်းဝင်ငွေအနေဖြင့်  အမေရိကန် ဒေါ်လာ(၁ ဒသမ ၅)ထရီလီယံအထိ ရရှိ ခဲ့သည်ဟု ခန့်မှန်းထားသည့်အတွက် ကမ္ဘာ့ခရီးသွား လုပ်ငန်းများအနေဖြင့် ၂၀၂၄ ခုနှစ်တွင်  ကိုဗစ်-၁၉ မတိုင်မီ   အခြေအနေထက်    ကျော်လွန်သွားမည့်     
အလားအလာများကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ ထိုသို့  ရလဒ်ကောင်းများ ထွက်ပေါ်စေသည့် အဓိက အကြောင်းအချက်များမှာ  ပြင်းပြသည့် ခရီးသွားလို အား (travel demand) ဆက်လက်တိုးတက်ဖြစ်ပေါ် နေမှု၊ လေကြောင်းဆက်သွယ်ရေး ပိုမိုတိုးတက်လာ မှုနှင့်  ဗီဇာအစရှိသည့် ဝင်/ထွက်သွားလာမှု  လွယ်ကူ ချောမွေ့စေရန် ဖြေလျှော့ပေးမှုများကြောင့်ဟု သိရှိရ ပါကြောင်း။
မြန်မာနိုင်ငံတွင်လည်း   နိုင်ငံတကာ   ခရီးသွား ဧည့်သည်ရောက်ရှိမှုကို   ကြည့်မည်ဆိုပါက   ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် (၁ ဒသမ ၂၈) သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ သည့် ၂ သိန်း ၃ သောင်းကျော်နှင့် နှိုင်းယှဉ်ပါက (၄) ဆခွဲ တိုးတက်ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ (ပထမငါးလအတွင်း)  ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုသည် ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့သည့်အတွက်   ယခင်နှစ်    အလားတူ ကာလအတွင်း   ခရီးသွားဧည့်သည်ရောက်ရှိမှု  ၃ သိန်း ၁ သောင်းကျော်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါ က ၆၃ ရာခိုင်နှုန်းအထိ  သိသိသာသာ တိုးတက်လာခဲ့ ပါကြောင်း၊   အဆိုပါတိုးတက်မှု        အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ပြီး ကိုဗစ်-၁၉ မတိုင်မီ ဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည် အရေ အတွက်ကို   ပြန်လည်ပြည့်မီရေး    အဘက်ဘက်က ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်   ဖြစ်ပါ ကြောင်း။
ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာနအနေ ဖြင့်  ခရီးသွားလုပ်ငန်းကဏ္ဍတွင်  ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရေးနှင့် ခရီးစဉ်ဒေသ များအလိုက်   ကောင်းမွန်သည့်  ဝန်ဆောင်မှုများကို အဆင့်အတန်း  မြင့်မားတိုးတက်လာစေရန်အတွက် ခရီးစဉ်ဒေသများတွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ များ   စနစ်တကျဖွဲ့စည်းပြီး   ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ဦးစားပေး ဒေသအလိုက်  ကျင်းပပြုလုပ်ပေးနေသည်ဟု သိရှိရ ပါကြောင်း၊   အဆိုပါ   အလုပ်ရုံဆွေးနွေးပွဲများမှ ဖော်ထုတ်ရရှိချက်များအနက် ဆက်လက်ဆောင်ရွက် ရန်  လိုအပ်သည်များကိုလည်း  သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ ဖြင့်  ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင် ရွက်ကြရန်       အလေးထားတိုက်တွန်းလိုပါကြောင်း၊ ကျန်တိုင်းဒေသကြီး၊          ပြည်နယ်များတွင်လည်း  အလားတူ  အလုပ်ရုံဆွေးနွေးပွဲများကို  အချိန်အခါ အလိုက် အခွင့်လျဉ်းသင့်သလို  ဆက်လက်ကျင်းပ ပြီး    ခရီးစဉ်ဒေသများစနစ်တကျနှင့်  ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။      
အမျိုးသားအားကစားပွဲတော်ကျင်းပမည်             
မြန်မာနိုင်ငံအနေဖြင့် လာမည့်ဒီဇင်ဘာလ ၉ ရက်မှ  ၂၀ ရက်အထိ နေပြည်တော်တွင် ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော်ကို  ရည်ရွယ် ချက်ကောင်းများစွာဖြင့် ကျင်းပမည်ဖြစ်သည့်အတွက် အားလုံးအဆင့်မီမီ  အင်ပြည့်အားပြည့် ပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ နိုင်ငံအဆင့်ပွဲတော်ကြီး ဆောင်ရွက်မည့် ကိစ္စ ရပ်ကို   ဗဟိုကော်မတီဝင်များက   သိရှိမှတ်သားပြီး လိုအပ်သည့်    အစီအမံများ   ဆောင်ရွက်သွားရေး၊ ပြည်တွင်းပြည်ပ  အားကစားသမားများ၊  ခရီးသွား ဧည့်သည်များ ကြိုတင်သိရှိစေရန် မြှင့်တင်ကြော်ငြာ ရေးနှင့် လာရောက်ကြည့်ရှုအားပေးရန်  ဖိတ်ခေါ်ရေး တို့ကို  မျှော်မှန်းဆောင်ရွက်သွားကြရန်  လိုအပ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍   ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်များပြားလာစေရေးအတွက်      ဈေးကွက် ရှာဖွေမြှင့်တင်ရေး နည်းလမ်းကောင်းများကို ရှာဖွေ ဖော်ထုတ်ရာတွင်       ဒစ်ဂျစ်တယ်နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးကို   ထိရောက်စွာ   အသုံးချရန်၊ ခရီးသွားဧည့်သည်များ   ငွေပေးချေမှုတွင်   Online အသုံးပြုပြီး Cashless Payment စနစ်များဖြင့် ဆောင်ရွက်နိုင်ရန်၊  MSMEs လုပ်ငန်းများအပါအဝင် ခရီးသွားလုပ်ငန်းနှင့်  ဆက်စပ်သည့်   ဝန်ဆောင်မှု လုပ်ငန်းများတွင် Ease of Doing Business လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ လွယ်ကူအဆင်ပြေစေရန် ကိုလည်း       ကာလရှည်ရည်မှန်းချက်တစ်ခုအဖြစ် ချမှတ်ဆောင်ရွက်သွားရန်၊        ဒေသထွက်အစား အသောက်များနှင့်  တိုင်းရင်းသားရိုးရာ အစားအစာ များ၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိပြီး အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက်      ဒေသခံများနှင့် လက်တွဲ၍  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ လက်ရှိတွင်  အဓိကခရီးစဉ်ဒေသများကို ဝင်/ထွက် သွားလာရာတွင်  အချက်အချာကျသည့်  ကျိုင်းတုံ၊ ပုသိမ်၊ တာချီလိတ် စသည့်မြို့များရှိ လေဆိပ်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို      ဆောင်ရွက် လျက်ရှိပြီး         အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့်  လေကြောင်းခရီးစဉ်နှင့်         ပြည်ပခရီးသွားများ ဝင်ရောက်လာနိုင်ရေး၊ ခရီးသွားအေဂျင်စီများ အပါ အဝင် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ခရီးသည် ပိုမိုလာရောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြ ရန်၊    အဓိက    ခရီးသွားစျေးကွက်ဝင်နိုင်ငံများနှင့် အလားအလာရှိသည့် နိုင်ငံများမှ  ခရီးသွားဧည့်သည် များ ပိုမိုရရှိရန် ပြည်ဝင်ဗီဇာလွယ်ကူရေးလုပ်ငန်းစဉ် များကို  ဆက်လက်ညှိနှိုင်း  ဆောင်ရွက်သွားရန်နှင့် မိမိတို့၏ ဗဟိုကော်မတီအနေဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့ ခရီးသွားဧည့်သည်များအကြားတွင်      နိုင်ငံတကာ ခရီးစဉ်ဒေသတစ်ခုအဖြစ်         အဆင့်မြှင့်တင်ရေး၊ နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးရေး၊ ခရီး သွားလုပ်ငန်းနှင့် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး စသည်တို့ကို ဆက်စပ်ဝန်ကြီးဌာနများ၊            တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊  ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာတတ်သိပညာရှင်များ၊ အသင်းအဖွဲ့များအနေ ဖြင့် အားလုံးညှိနှိုင်းပေါင်းစပ်ပြီး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်ကိစ္စရပ်များအား ဆွေးနွေး ပြောကြားသည်။   
ထို့နောက်   အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး  ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ  ဟိုတယ် နှင့်   ခရီးသွားလာရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးသွားလုပ်ငန်း ဆိုင်ရာများနှင့်စပ်လျဉ်း၍  ဆွေးနွေးတင်ပြသည်။ 
ဖတ်ကြားတင်ပြအတည်ပြုချက်ရယူ
ယင်းနောက်    ဗဟိုကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး  ဦးဖြိုးဇော်စိုးက ဗဟိုကော်မတီ (၂/၂၀၂၃) ကြိမ်မြောက်  အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ပြီးစီးမှု၊    ခရီးသွားလုပ်ငန်း ကော်မတီတွင် အဖွဲ့ဝင်  (၁) ဦး  အစားထိုးပြင်ဆင် ဖွဲ့စည်းမှု၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း  ကော်မတီ  (၉)  ခုတို့မှ   ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊   အဖွဲ့ဝင်များ   အစားထိုးပြင်ဆင် ဖွဲ့စည်းမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏    ညွှန်ကြားချက်များကို   ဆောင်ရွက်ရန်၊   ရှမ်း ပြည်နယ်(အရှေ့ပိုင်း)   ကျိုင်းတုံမြို့နှင့်   ဒေသတွင်း မြို့/ခရိုင်များ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားခွင့်ပြု ရန်၊   ထူးခြားဖြစ်စဉ်များ  အသိပေးရန်၊   ဧည့်သည် စာရင်း စီမံခန့်ခွဲမှုစနစ်(GLMS)အား မပျက်မကွက် အသုံးပြုစေရေး      ကြပ်မတ်ဆောင်ရွက်ရန်နှင့် အသုံးပြုခြင်းမရှိပါက အရေးယူဆောင်ရွက်သွားရန်၊ လုပ်ငန်းလိုင်စင် ရယူခြင်းမရှိဘဲ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအား အခကြေးငွေဖြင့် တည်းခိုနေထိုင် နိုင်ရေး ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများအား အရေးယူဆောင်ရွက်ရန်နှင့်   ပြည်တွင်း၊   ပြည်ပ ခရီးသွားဧည့်သည်များ   သွားရောက်လည်ပတ်နိုင် သည့် ကမ်းခြေခရီးစဉ်ဒေသများအဖြစ် သတ်မှတ် နိုင်ရန်    အခြေအနေတို့ကို   ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   တိုင်း ဒေသကြီးနှင့်   ပြည်နယ်ဝန်ကြီးချုပ်များ၊  ဒုတိယ ဝန်ကြီးများ၊     ဗဟိုကော်မတီ     အကြံပေးပုဂ္ဂိုလ်၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ  ကိုယ်စားလှယ် များ၊    ခရီးသွားလုပ်ငန်း   တတ်သိပညာရှင်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍  သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ  ဗဟိုကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 
ထို့နောက်   အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်          ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး   မြထွန်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်