မြန်မာပြည်ကို ချစ်သည့်သူမှန်သမျှ အမိနိုင်ငံကို ကူညီစောင့်ရှောက်ကြ

Type

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့ ပျဉ်းမနားမြို့ ဦးဝိသုဒ္ဓဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လူထုဟောပြောပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် “ကိုယ့်အချင်းချင်းသတ်ဖြတ်၊ လုယက်၊ သူပုန်ထ၊ မီးရှို့လုပ်နေတာ ဘာတော်လှန်ရေးလဲ၊ ဒါတော်လှန်ရေးတဲ့လား” ဆိုသည့်စကား။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့  မြို့တော်ခန်းမ၌  ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေးကြီးတွင် “ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့သူတွေမှန်သမျှ ဝိုင်းဝန်းကူညီနှိမ်နင်းဖို့လိုတယ်” ဆိုသည့်စကားတို့ကို ယခုအချိန်တွင် ပြန်လည်သတိရမိပါသည်။


မြန်မာနိုင်ငံတွင်    စစ်ပြီးကာလ လွတ်လပ်ရေးရယူရေး   ကြိုးပမ်းစဉ်အချိန် က နိုင်ငံရေးခံယူချက် ကွဲပြားမှုကြောင့် လွတ်လပ်ရေးကို  ငြိမ်းချမ်းသောနည်း ဖြင့် ယူလိုသောသူတို့က   တစ်ဖက်၊ လက်နက်ကိုင်   တိုက်ယူလိုသူတို့က     တစ်ဖက် ကွဲပြားခဲ့ကြသည်။ 


ထိုအချိန်တွင်  ဆူဆူပူပူလုပ်လိုသူ များ၊  ယင်းကိုအကြောင်းပြု၍   သူခိုး၊ ဓားပြ၊  တောကြောင်ထမှုများကြောင့် တိုင်းပြည်မှာ ကျီးလန့်စာစား  ဖြစ်ခဲ့သည်။ မြန်မာလူမျိုးအချင်းချင်း   သတ်ဖြတ်၊ လုယက်၊ သူပုန်ထ စသည်ဖြင့် အကြမ်း ဖက်သောင်းကျန်းမှုများ    ဖြစ်ပေါ်လာ သဖြင့်    ဗိုလ်ချုပ်အောင်ဆန်းက သတိ ပေးစကား ပြောကြားခဲ့သည်။  တစ်ဖက် တွင်  ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုး သားခေါင်းဆောင်များက လွတ်လပ်ရေး အတွက် ကြိုးပမ်းအားထုတ်လျက်ရှိစဉ် တစ်ဖက်တွင်   အစွန်းရောက်နိုင်ငံရေး သမားများနှင့်    တောကြောင်များက ဆူပူသောင်းကျန်းခဲ့ကြသည်။     ဆူပူ သောင်းကျန်းမှုများသည် လွတ်လပ်ရေး မရမီကတည်းက          ဖြစ်ပေါ်ခဲ့ပြီး  လွတ်လပ်ရေးရပြီးစ၌   တစ်နိုင်ငံလုံး ဆူပူသောင်းကျန်းမှုများ   ပေါ်ပေါက်လာ ခဲ့သည်။


အကြမ်းဖက်မှုလျော့ပါး


လွတ်လပ်ရေး   မရမီကတည်းက မျိုးစေ့ချခဲ့သော      အကြမ်းဖက်ဆူပူ သောင်းကျန်းမှုများမှာ         လွတ်လပ်ရေး ရပြီးနောက်တွင်လည်း      သောင်းကျန်းမှု အမျိုးမျိုး   မကြာခဏဖြစ်ပေါ်ခဲ့သည်။ ယခုအခါတွင်   နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်သည်ကို       အကြောင်းပြု၍ အကြမ်းဖက်     သောင်းကျန်းမှုများ   ဖြစ်ပေါ်လျက်ရှိသည်။ 
တိုင်းပြည်      တည်ငြိမ်အေးချမ်းရေး ကို အလေးမထားဘဲ   နိုင်ငံရေးသမား အစွန်းရောက်တို့၏ သွေးထိုးမြှောက်ပင့် ပေးမှုကြောင့်  အသိမဲ့အကြမ်းဖက်သမား များ ပေါ်ပေါက်လာသည်။ တောကြောင် များ၊ ရောယောင်များလည်း  ထကြွလာ သည်။   ယနေ့နိုင်ငံတော်တွင်    အဓိက ရင်ဆိုင်နေရသော ပြဿနာမှာ  တရား ဥပဒေစိုးမိုးရေးဖြစ်သည်။ နိုင်ငံအတွင်း နေရာအချို့တွင်     ဖြစ်ပေါ်နေသော အကြမ်းဖက်   သောင်းကျန်းမှုအချို့သည် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိခိုက် နိုင်သည့်   အခြေအနေမရှိသော်လည်း ပြည်သူများ၏ဘဝ လုံခြုံစိတ်ချရေးကို ဝိုင်းဝန်းဆောင်ရွက်     ပေးကြရမည် ဖြစ်သည်။ ယခုအခါတွင်   တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံအေးချမ်းရေးကို   ပိုမို ဝါယမထား     ထိထိရောက်ရောက် ဆောင်ရွက်နိုင်သောကြောင့်    ယခင် ကာလများနှင့်စာလျှင်   အကြမ်းဖက်မှု များ လျော့ပါးသွားသည်ဟု  ဆိုနိုင်သည်။ 


သို့သော်  နိုင်ငံအတွင်း  လက်နက်ပုန်း များရှိနေသောကြောင့်   နေရာအချို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊  သတင်းပေးဒလန်ဟု   စွပ်စွဲပြီး အပြစ်မဲ့ပြည်သူများအား  လုပ်ကြံသတ် ဖြတ်မှုများ ရှိနေသေးသည်။  မကြာသေးမီ က  လေလှိုင်းပေါ်က အစွန်းရောက်နိုင်ငံ ရေးသမား      အကြမ်းဖက်အဖွဲ့အစည်း များ၏     သွေးထိုးလှုံ့ဆော်ပေးသည့် နည်းလမ်းတစ်မျိုးကြောင့်   လုံခြုံရေးနှင့် အလှမ်းဝေးသည့်                နေရာအချို့မှ ဆက်သွယ်ရေးတာဝါတိုင်များကို    မီးရှို့ ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်ကို       တွေ့ရ မည်ဖြစ်သည်။   ဆက်သွယ်ရေးတာဝါ တိုင်များအား    မီးရှို့ဖျက်ဆီးခဲ့ကြသည့် နေရာဒေသများတွင် ပြည်သူများ ပြောဆို ဆက်သွယ်မှုများနှင့် အသိအမြင်ဗဟုသုတ များ ပျောက်ဆုံးသွားသည်ကို   တွေ့ရမည် ဖြစ်သည်။  ထိုသို့အဖျက်လုပ်ရပ်များကို လုပ်ကိုင်နေသော    အကြမ်းဖက်သမား များက တိုက်ခိုက်ဖျက်ဆီးမှုများရှိသလို မြို့ရွာများအတွင်းမှ  အကြမ်းဖက်အဖျက် သမားများကို ရှင်းလင်းဖယ်ရှား  ဖမ်းဆီး ရမိမှုများ  နေ့စဉ်နှင့်အမျှ   ရှိနေသည်ကို    တွေ့ရမည်ဖြစ်သည်။   မြို့ရွာများ   လုံခြုံ ရေး၊  ပြည်သူများ  ဘေးအန္တရာယ်ကင်းရေး အတွက် နေ့ညမရွေး၊  နေရာမရွေး   လုံခြုံ ရေးဆောင်ရွက်ပေးကြသော     တပ်ဖွဲ့ဝင် များအား  စာနာနားလည်ကျေးဇူးတင်ကြ ရမည်ဖြစ်သည်။


နောက်ကွယ်မှဖန်တီး


နိုင်ငံအတွင်း လုံခြုံရေးနှင့်    အလှမ်း ဝေးသော ဒေသအချို့မှ ပြည်သူများ၏ မလုံခြုံသောဘဝအချို့ကို  ကိုယ်ချင်းစာမိ သည်။ နိုင်ငံအတွင်း  ပြည်သူတစ်ယောက် ချင်း၏  လုံခြုံမှုအတွက်  ဆောင်ရွက်ပေး နိုင်ရေးမှာ    ခဲယဉ်းနေဦးမည်ဖြစ်သည်။ လတ်တလော အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများ၏   လက်ချက်ဖြင့် ထိခိုက်ပျက်စီးမှုများအတွက်        စိတ်မ ကောင်းဖြစ်မိသည်။ ပြည်သူများက လုံခြုံ ရေးတပ်ဖွဲ့များနှင့်    ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှု         ရှိလာလျှင် အေးချမ်းစွာနေထိုင်လိုသော    ပြည်သူ အားလုံး၏ဘဝ   လုံခြုံစိတ်ချမှု   ရှိလာ မည်ဖြစ်သည်။ 


အကြမ်းဖက် သောင်းကျန်းမှုများလည်း    ချုပ်ငြိမ်းသွားမည်ဖြစ်သည်။      အကြမ်း ဖက်မှုချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေး ကြီးသလို အကြမ်းဖက်မှု၏ မြစ်ဖျားခံရာ   ရေသောက်မြစ်ကိုလည်း      ဖြတ်တောက် ပစ်ဖို့  လိုအပ်သည်။  ယနေ့မြို့ရွာများ၌   သောင်းကျန်းခဲ့ကြသည့်   အဖျက်သမား များကို  ကြည့်မည်ဆိုလျှင် အစွန်းရောက်      နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်   ထောက်ပံ့ပေးမှုကြောင့်      ပေါ်ပေါက်လာ ခြင်းဖြစ်သည်။       အစွန်းရောက်နိုင်ငံရေး သမားများသည်           နောက်ကွယ်မှ၊  လွတ်မြောက်ရာနေရာမှ  အေးအေးလူလူ သာသာယာယာ      ဖန်တီးနေကြခြင်း ဖြစ်သည်။      ထောက်ပံ့ကူညီပေးနေခြင်း ဖြစ်သည်။ 


မည်သည့်ကိစ္စတွင်မဆို       ငွေကြေး၊ ပစ္စည်း၊ အထောက်အပံ့အကူအညီမပါဘဲ ဆောင်ရွက်၍ရနိုင်မည်     မဟုတ်ပေ။ အထောက်အပံ့ အကူအညီမရနိုင်ပါက မည်သူမျှ    ကိုယ့်ထမင်းကိုယ်စား၍ အသက်အန္တရာယ်ရှိသော   အလုပ်ကို လုပ်ကြလိမ့်မည်မဟုတ်ပေ။   အထောက် အပံ့ရသည်ဖြစ်စေ၊     မရသည်ဖြစ်စေ အသိမဲ့၊ အဆင်ခြင်မဲ့သူတို့၏  မိုက်ရူးရဲ ဆန်သော    လုပ်ရပ်များလည်းရှိသည်။ နိုင်ငံရေးအခြေအနေနှင့် ရောပါကြသော အချောင်သမား  တောကြောင်များလည်း ရှိသည်။ အငြိုးအတေး မလိုမုန်းထားသည့် စိတ်အခံများနှင့်  လုပ်ကြသူများလည်း ရှိသည်။ ဥပဒေနှင့်   မလွတ်ကင်းသော အလုပ်များကို လုပ်ကြရင်းနှင့်    ပါဝင်လာ ကြသူများလည်း   ရှိသည်။ ၎င်းတို့ကို တော်လှန်ရေးသမားများ၊  သူရဲကောင်း များဟု အသိမဲ့သူ၊ အတွေးခေါင်သူတို့က ကင်ပွန်းတပ်ကြသည်။         အချို့လည်း သိသိကြီးနှင့်     ချော်လဲရောထိုင်သူများ လည်း ရှိကြသည်။       ဤသည်တို့သည်ကား အကြမ်းဖက်               အရင်းအမြစ်များ ဖြစ်သည်။  အကြမ်းဖက်အကိုင်းအခက်များ ဖြစ်သည်။


ဖမ်းဆီးနှိမ်နင်းခံရ


အကြမ်းဖက်ဇာစ်မြစ်   ရေသောက် မြစ်မှာ  အကြမ်းဖက်သမားဘဝကိုခံယူရ မည့်လက်နက်နှင့်       ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများအား        မြို့ကြီးများအထိ အရောက်တွန်းပို့နေသော    အဖျက်ပင်မ ဆဲလ်များဖြစ်သည်။ ၎င်းတို့ကို   မဖြတ် တောက်နိုင်ဘဲ မြို့ရွာများအထိ လက်နက် ပစ္စည်းများ     ရောက်ခဲ့သောကြောင့် အကြမ်းဖက်သတ်ဖြတ်မှုများ ပေါ်ပေါက် နေခြင်းဖြစ်သည်။   ဤတွင်  လုံခြုံရေး တပ်ဖွဲ့များက မြို့ရွာများသို့ ရောက်ရှိလာ သော  လက်နက်ခဲယမ်းအမြောက်အမြား ကို   မကြာခဏနှိမ်နင်းဖမ်းဆီးနိုင်သော ကြောင့်  တော်လှပေသည်။  အကယ်၍ ဖမ်းဆီးရမိခြင်းမရှိလျှင် တိုင်းပြည်တွင် မီးဟုန်းဟုန်း     တောက်လောင်သွားနိုင် သည်။    လက်ရှိတွင်   မြို့ရွာအချို့၌ လက်နက်ပုန်းများရှိနေ၍     အကြမ်းဖက် သတ်ဖြတ်မှုများကို     ကြားသိနေရသေး သည်။ နိုင်ငံတိုင်းတွင် လက်နက်ဥပဒေ အရ   လုံခြုံရေးတပ်ဖွဲ့မှအပ   မည်သူမျှ လက်နက်ကိုင်ဆောင်ခွင့်မရှိပေ။   တရား မဝင်လက်နက်ကိုင်ဆောင်ပါက လက်နက် ဥပဒေအရ ထိထိရောက်ရောက် ဖမ်းဆီး နှိမ်နင်းခြင်းခံရသည်။ ထို့အပြင် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံတော် အား    ဆန့်ကျင်ပုန်ကန်သော  ဥပဒေတို့ အရ   တစ်သက်တစ်ကျွန်း   သို့မဟုတ် သေဒဏ်အထိ ကျခံကြရသည်။


အကြမ်းဖက်     သောင်းကျန်းမှု၏ ပြဿနာအရင်းအမြစ်သည်     အာဏာ ရှင်တော်လှန်ရေးဟု    ခေါင်းစဉ်တပ် သော်လည်း    တိုင်းပြည်ဖျက်ဆီးရေး ပြုလုပ်နေသည်ကို      အထင်အရှား  မြင်တွေ့နေရ သည်။ အာဏာလက်လွှတ် လိုက်ရသော     နိုင်ငံရေးသမားများ၏     မင်းသားကြီးမလုပ်ရ၍     ပတ်မကြီး  ထိုးဖောက်သော အကြံပက်စက်သည့်    ယုတ်မာမှုများ ဖြစ်သည်။ 


အသိအမြင်ဆင်ခြင်တုံတရားနည်းပါးသည့် ပြည်သူအချို့နှင့်  စိတ်အခံရှိ သူများ၊   အခွင့်အရေးသမားများအား    သွေးထိုးမြှောက်ပင့်ပေးပြီး         ပြန်လမ်း မရှိသော  အကြမ်းဖက်သမားဘဝကို အရောက်   တွန်းပို့နေခြင်းဖြစ်သည်။        နွေဦးတော်လှန်ရေး၊        အာဏာရှင် ဆန့်ကျင်ရေးဟု        ဆိုသော်လည်း   ရောယောင်၍   အခွင့်အရေး   အချောင် နှိုက်လိုသော  သူခိုးဓားပြများ၊  လူဆိုး လူမိုက်များ၊ တစ်ချိန်က   ရန်ငြိုးရန်စ များကို အကြောင်းပြု၍ စိတ္တဇဆန်ဆန် သတ်ဖြတ်သူများ၊    ရုပ်ရှင်ဆန်ဆန် နည်းပညာအကွက်ဆန်းများဖြင့် တလွဲ အသုံးချသူများ၊        မိုက်ရူးရဲဆန်သူများ ကိုလည်း   တွေ့ရသည်။  တချို့လည်း   လူမျိုးရေး၊   ဘာသာရေး    အငုံစိတ်ဖြင့်     လုပ်ကြံ           သတ်ဖြတ်သူများလည်း ရှိသည်။   တချို့လည်း   ငွေပေးခိုင်းစေ မှုကို     လက်ခံပြီး    အမှိုက်ပုံနှင့်လူမရှိသော ကင်းတဲများတွင်     ဗုံးထောင်ကြသူများ လည်းရှိသည်။   တချို့လည်း  မူးယစ် ဆေးဝါးသုံးစွဲပြီး  စွန့်စားခန်းထွင်ရာမှ   သေပွဲဝင်ကြရသူများလည်းရှိသည်။
သေးသိမ်ညံ့ဖျင်းလှ


မြန်မာနိုင်ငံတွင်    ဖြစ်ပေါ်နေသည့် အစွန်းရောက်အဖျက်လုပ်ရပ်များသည် ဖားကို  မြွေခဲသလို  မောဟဖုံးနေသကဲ့သို့ ဖြစ်သည်။ အကြောက်တရားလည်းမရှိ၊ အသိတရားလည်း   ကင်းမဲ့၊    အရှက် တရားလည်း  ပျောက်လျက်   အမိုက် မှောင်ကြီး        လုံးလုံးဖုံးသွားအောင်     တွန်းပို့ခဲ့ကြသူများသည်         အဓိက လက်သည်ဖြစ်သည်။          ပြဿနာ၏ မျိုးစေ့ဖြစ်သည်။ ပြည်သူများ စိတ်ဓာတ် အမှောင်ဖုံးအောင် သို့မဟုတ် ကိုယ်ကျင့် တရားပျက်ပြားအောင်  ပို့ဆောင်ပေးသူ သည်          အဓိကတရားခံဖြစ်သည်။ ကြံဖော်ကြံဖက် နောက်လိုက်အပေါင်း ပါများသည်     လက်ငင်းလက်သည် ဖြစ်သည်။      

 


လူဆိုး၊   လူမိုက်၊    လူရမ်းကားများကို  ပြတ်ပြတ်သားသား        ပြောဆိုခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို    ဗိုလ်ချုပ်၏ တိုင်းပြည်            ယနေ့အခြေအနေကို  မြင်တွေ့ရလျှင် မည်သို့ဆောင်ရွက်မည် နည်း။  ယနေ့အကြမ်းဖက်မှုပြဿနာ သည်          ဗိုလ်ချုပ်အောင်ဆန်းခေတ်၊  လွတ်လပ်ရေး      ရပြီးစကာလများနှင့် နှိုင်းစာလျှင် အသေးအဖွဲမျှသာဖြစ်သည်။ သို့သော်စိတ်ဓာတ်နှင့်     လုပ်ရပ်များမှာ သေးသိမ်ညံ့ဖျင်းလှသည်။


  ဗိုလ်ချုပ်အောင်ဆန်းခေတ်၊ လွတ်လပ် ရေးရပြီးစခေတ်က   စစ်ကျန်၊   စစ်ချန် လက်နက်အမြောက်အမြားကို နိုင်ငံအနှံ့ တွင် သိုဝှက်ကာ လက်နက်ကိုင်   ဆူပူ သောင်းကျန်းမှုများ  ပေါ်ပေါက်ခဲ့သည်။  ယနေ့ကာလတွင် နိုင်ငံရေးအစွန်းရောက် များ၊     ပြည်တွင်းသစ္စာဖောက်များ၏ ထောက်ပံ့ပေးမှုဖြင့်     ဟိုတစ်ကွက် သည်တစ်ကွက်   လက်နက်ကိုင်သောင်း ကျန်းကြသည်။  ယနေ့အခြေအနေသည်  အကြမ်းဖက်မှု အစပျိုးဆဲဖြစ်သည်။   အဆုံး သတ်လုဆဲဖြစ်သည်။  ငြိမ်းခါနီးမီးသည်    ပြင်းစွာလောင်သကဲ့သို့ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ လက်နက်ကိုင်အကြမ်းဖက်မှုမှန်သမျှကို     ချိုးနှိမ်ပစ်ရမည်ဖြစ်သည်။ အမြစ်ကစ၍ မြေလှန်ပစ်ရမည်ဖြစ်သည်။ အကြမ်းဖက်မှုပြဿနာ၊   လက်နက်ကိုင် သည့်ပြဿနာ၊    လူလူချင်းအတင့်ရဲစွာ သတ်ဖြတ်သည့် ပြဿနာများကို   အမြစ် ကမကျန် ရှင်းလင်းဖယ်ရှားရာ၌    အစိုးရ တစ်ရပ်တည်းဖြင့် ရာနှုန်းပြည့် အောင်မြင် အောင်  ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ပြည်သူလူထု      တစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်   ဆောင်ရွက်ဖို့လိုသည်။ ပြည်သူလူထု     ပူးပေါင်းပါဝင်နိုင်ရန် လုံခြုံရေးနည်းလမ်းများလည်း   ပေးထား သည်။ ပြည်သူလူထုက ကြိုတင်သတင်း ပေးနိုင်ပါက         မကြာမီကာလတွင်       အကြမ်းဖက်သမားများ          ချုပ်ငြိမ်း ပပျောက်သွားမည်ဖြစ်သည်။


အချုပ်အားဖြင့်ဆိုလျှင် တိုင်းပြည်နှင့် လူထု      လုံခြုံစိတ်ချငြိမ်းချမ်းသာယာ ဝပြောရေးနှင့် တိုင်းပြည်နှင့်လူထု ပျက်စီး ရေးကို     ခွဲခြားရှုမြင်ပြီး     ဗိုလ်ချုပ် အောင်ဆန်း      မှာကြားခဲ့သည့်အတိုင်း မြန်မာပြည်ကို  ချစ်သူမှန်သမျှ   မြန်မာ ပြည်ကို     ဝိုင်းဝန်းကူညီစောင့်ရှောက် ကြရမည်ဖြစ်ပါကြောင်း။    ။

ကိုလူလှ