မြန်မာသံရုံး စင်ကာပူနှင့် မြန်မာသံရုံး တိုကျိုမြို့တို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှဲပြောင်းပေးအပ်


 

နေပြည်တော် အောက်တိုဘာ ၂၄


စင်ကာပူရှိ မြန်မာသံရုံးနှင့် တိုကျိုမြို့ရှိ မြန်မာသံရုံးတို့မှ ပေးပို့လာသော ဆန္ဒပြု ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များ ပါဝင်သည့် ချိပ်ပိတ်ထားသော သံတမန် ချောအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ မြန်မာသံရုံးနှစ်ရုံးမှ ပြန်လည်ပေးပို့လာသည့် ချိပ်ပိတ်ထား သောဆန္ဒပြုပြီး မဲလက်မှတ်များပါဝင် သည့် အထုပ်များကို ယနေ့နံနက် ၆ နာရီတွင် လုံခြုံရေးအစောင့် အရှောက်ဖြင့် နိုင်ငံခြားရေးဝန်ကြီး ဌာန (ရန်ကုန်)မှ ဌာနပိုင်ယာဉ်ဖြင့် စတင်ပို့ဆောင်ခဲ့ရာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှတစ်ဆင့် နေပြည်တော်အဝင် Toll Gate သို့ နံနက် ၁၁ နာရီတွင် ရောက်ရှိသည်။ ၎င်းဆန္ဒမဲလက်မှတ်ပါ အထုပ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ တာဝန်ရှိသူများထံသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံး၌ စနစ်တကျ ချက်ချင်းလွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။
နိုင်ငံပြင်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပရောက် ကြိုတင်ဆန္ဒမဲပေး နိုင်ရန် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် မဲရုံနှင့် မဲရုံခွဲများ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ပြီး ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ် များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လာရာ အောက်တိုဘာ ၁၄ ရက်တွင် ရုံးလေးရုံးတို့မှ ဆန္ဒမဲ လက်မှတ်များကို လည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ရုံးနှစ်ရုံး တို့မှ ဆန္ဒမဲလက်မှတ်များကို လည်း ကောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် ရုံး ၂၈ ရုံးတို့မှ ဆန္ဒမဲလက်မှတ်များ ကိုလည်းကောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် ရုံး ရှစ်ရုံးတို့မှ ဆန္ဒမဲ လက်မှတ်များကို လည်းကောင်း၊ ယနေ့တွင် ရုံးနှစ်ရုံးမှ ဆန္ဒမဲလက်မှတ် များကိုလည်းကောင်း လက်ခံရရှိခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သို့ အဆိုပါနေ့ရက်များ၌ပင် လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ယခုအချိန် အထိ ရုံး ၄၄ ရုံးတို့မှ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို စနစ်တကျလွှဲပြောင်း ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ မြန်မာသံရုံး အနေဖြင့် ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ပြန်လည်ပေးပို့ထား ပြီး ယင်းမဲလက်မှတ်များသည်လည်း မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်