
နေပြည်တော် ဇွန် ၁၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ လူနာပို့ပြီး ပြန်လာသည့် လူနာ တင်ယာဉ်အား အကြမ်းဖက် သမားများက လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်
ဖြစ်စဉ်မှာ ဇွန် ၉ ရက် ည ၁၀ နာရီ ၂၅ မိနစ်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ လူနာတင် ယာဉ်တစ်စီးကို အကြမ်းဖက် သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖြစ်စဉ်ကို စိစစ်ခဲ့ရာ စစ်တောင်းကျေးရွာနေ ကိုအောင် မျိုးသူ မောင်းနှင်ပြီး တစ်ရွာတည်း နေ ကိုနေလင်းထွန်း (၄၂)နှစ် (ဘ)ဦးရဲအောင်၊ ကိုပြည့်ဖြိုးအောင်(၂၇)နှစ်(ဘ) ဦးမြဝင်းနှင့် ကိုကျော်ဇင်ဦး (ခ) ငပွားတို့ လိုက်ပါလာသည့် လူနာတင်ယာဉ်သည် ကျိုက်ထို မြို့နယ် ပြည်သူ့ဆေးရုံသို့ လူနာ သွားရောက်ပို့ဆောင်ပြီး စစ်တောင်း ကျေးရွာသို့ ပြန်လည်ထွက်ခွာ လာစဉ် အင်္ဂဘိုကျေးရွာအနီး အရောက်တွင် အကြမ်းဖက် သမားများက လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကိုပြည့်ဖြိုးအောင်နှင့် ကိုကျော်ဇင် ဦး(ခ)ငပွားတို့တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသစဉ် ကိုပြည့်ဖြိုးအောင်မှာ ရရှိထားသော ဒဏ်ရာများ ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး
ထိုသို့ လူနာတင်ယာဉ်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီးရမိနိုင် ရေး နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ ဝင်များ က လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်