မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် သက်သာသောဈေးနှုန်းများဖြင့် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိ

 

မော်လမြိုင်   သြဂုတ်   ၇
မွန်ပြည်နယ်အတွင်းသို့   ပြည်ပ (ပင်လယ်ရေကြောင်း)မှ စက်သုံး ဆီတင်သွင်း   သိုလှောင်ဖြန့်ဖြူး ခြင်းဆိုင်ရာ    လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/ ၂၀၂၄) ကို  ယနေ့တွင်   ပြည်နယ်အစိုးရ အဖွဲ့ရုံး    အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ရှင်းလင်းတင်ပြ
ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်က   မွန်ပြည်နယ်အတွင်း   စက်သုံးဆီ တင်သွင်းခြင်းကို      အဆင်ပြေ ချောမွေ့စွာ       ဆောင်ရွက်နိုင်ရေး၊    သက်သာသော   ဈေးနှုန်းများဖြင့် စက်သုံးဆီများ   ဖြန့်ဖြူးရောင်းချ နိုင်ရေး      အထူးအလေးထား   ဆောင်ရွက်လျက်    ရှိပါကြောင်း၊ စက်သုံးဆီမှာယူမှု၊   သိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ လက်ကျန်အခြေအနေ တို့ကို စိစစ်ကြပ်မတ်ဆောင်ရွက် သွားရန် လိုအပ်ပြီး   စက်သုံးဆီ ပြတ်လပ်မှု       မဖြစ်ပေါ်စေရေး  တင်သွင်းလာမည့်  စက်သုံးဆီများ ကိုလည်း ထိုက်သင့်သည့် ဈေးနှုန်း များဖြင့်  ပြန်လည်ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေး     ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊     ပြည်နယ် အတွင်းသို့     ပြည်ပ   (ပင်လယ် ရေကြောင်း)မှ စက်သုံးဆီတင်သွင်း ကာ       သိုလှောင်ဖြန့်ဖြူးခြင်း ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက် နိုင်ရေး      ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုကြောင်း    ပြောကြားသည်။
ထို့နောက်    ပြည်နယ်ရေနံ ထွက်ပစ္စည်း    ကြီးကြပ်စစ်ဆေး ရေးဦးစီးဌာန ပြည်နယ်ကြီးကြပ် စစ်ဆေးရေး အရာရှိ ဦးသန်းထွေး က  မွန်ပြည်နယ်အတွင်းသို့ ပြည်ပ (ပင်လယ်ရေကြောင်း)မှ စက်သုံး ဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်သွားမည့်အစီ အစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်     တက်ရောက် လာသော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးသည့်    ကုမ္ပဏီများ ၏ တာဝန်ရှိသူများက     စက်သုံးဆီ တင်သွင်းခြင်းလုပ်ငန်း ဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်း တင်ပြပြီး  ပြည်နယ်ရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး     ဆပ် ကော်မတီဝင်များက  သက်ဆိုင်ရာ ကဏ္ဍအလိုက်  ရှင်းလင်းတင်ပြ ချက်များပေါ်    ပြည်နယ်ဝန်ကြီးများ က     ဖြည့်စွက်ဆွေးနွေးတင်ပြ ကြပြီး       ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ညှိနှိုင်းဆောင်ရွက်
အလားတူ ပြည်နယ်ဝန်ကြီး ချုပ်နှင့်     တာဝန်ရှိသူများသည်   တာဝန်ရှိသူများသည်    မော်လမြိုင် တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)နှင့်    အစိုးရစက်မှု လက်မှုသိပ္ပံ  (မော်လမြိုင်)   တို့ တွင် ကိုယ်တိုင်  စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊   ဖြန့်ဖြူးသူများနှင့် ဆန်စက်၊  ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊  ကြက်ဥ၊  ဟင်းသီး ဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေမှု အပေါ်       ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်    တွေ့ဆုံ၍  လိုအပ်သည်များကို     ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)