
မော်လမြိုင် ဇူလိုင် ၁၃
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံ ပညာ စာသင်ကျောင်းများကိုဖော်ဆောင်ပြီး ကျောင်းသူ ကျောင်းသားများ စိတ်အေး ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အတွက် မြို့နယ်အသီးသီးရှိ စာသင် ကျောင်းများ၌ ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးနှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင် ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူများသည် ယနေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက် ပြီး ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ချုံနွယ်များ၊ မြက်များနှင့် အမှိုက်များကို ဌာန ဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်နေပြည်သူ များက စာသင်ကျောင်း စိမ်းလန်း စိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပ ရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှု၊ စာသင်ကျောင်း များအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် တပ်မတော် သားများနှင့်အတူ တာဝန်ရှိသူများ ပူးပေါင်း၍ ခြင်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်သည် ကျောင်းတာဝန်ရှိသူ များနှင့်တွေ့ဆုံပြီး စာသင်ကျောင်း အတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)