မန္တလေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား ထက်ရန်နိုင်ကို ထောင်အာဏာပိုင်များက ရိုတ်သတ်ဟု အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော် ဇူလိုင် ၂
“မန္တလေးဗဟိုအကျဉ်းထောင်တွင်   အကျဉ်းသား   ထက်ရန်နိုင်ကို ထောင်အာဏာပိုင်များက  ရိုတ်သတ်” ဟူသော   ခေါင်းစဉ်ဖြင့် Khit Thit Media အမည်ခံ Facebook Page က ဇွန် ၂၆ ရက်တွင် ပြည်သူ လူထုမှ အထင်အမြင်လွဲမှားစေရန် အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
Khit Thit Media ၏ ဖော်ပြမှုသည် လွဲမှားနေပြီး အကျဉ်းထောင် အတွင်း မူးယစ်ဆေးဝါးရောင်းချ/သုံးစွဲခြင်းများ စစ်ဆေးတွေ့ရှိပါက ဥပဒေအတိုင်း တိကျစွာအရေးယူလျက်ရှိကြောင်း၊   အကျဉ်းထောင် အနေဖြင့်  ရှောင်တခင်ရှာဖွေခြင်း၊   အထူးရှာဖွေခြင်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူက ရှင်းလင်း ပြောကြားသည်။
ဖြစ်စဉ်အမှန်အား စိစစ်ရာတွင်  အကျဉ်းသား  ထက်ရန်နိုင်သည် အစ်ကိုဖြစ်သူ နှလုံးရောဂါဖြင့် သေဆုံးခဲ့သည့်အတွက် ပူဆွေးသောက စိတ်များဖြစ်လာပြီး    ကောင်းစွာအိပ်စက်မှုမရှိခြင်းကြောင့်     စိတ် အခြေနေပုံမှန်မဟုတ်ဘဲ     စိတ်ကစဉ့်ကလျားဖြစ်နေသူဖြစ်ကာ ၎င်းသည်  ဇွန်  ၂၀ ရက်တွင်   အကျဉ်းသား   အောင်သူရလွင်အား အကြောင်းမဲ့လက်သီးဖြင့် နှစ်ချက် ထိုးကြိတ်ခဲ့သည့်အတွက် တာဝန်ခံ အရာရှိ၏    ညွှန်ကြားချက်ဖြင့်    စည်းကမ်းထိန်းသိမ်းရေးရုံးတွင် ဒေါက်ခြေချင်းခတ်ရန် ဆောင်ရွက်ခဲ့ကြောင်း။
ထိုသို့ဆောင်ရွက်နေစဉ် စည်းကမ်းထိန်းသိမ်းရေးရုံးသို့ အကျဉ်း သားများအား ဆေးခန်းပြသရန်အတွက် လာရောက်တင်ပြသည့် အကျဉ်းထောင်တပ်သား မြတ်မင်းသူအား စိတ်ဂနာမငြိမ်ဘဲ အော်ဟစ် ဆူပူဆဲဆိုခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ရင်ဘတ်အား ကန်ခြင်းများကို အကျဉ်းသား ထက်ရန်နိုင်က ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ဝန်ထမ်း များနှင့် အကူအကျဉ်းသားများက ဝိုင်းဝန်းဖမ်းဆီးချုပ်နှောင်နေစဉ် အကျဉ်းသား ထက်ရန်နိုင်သည် အမျိုးသား အိပ်ဆောင်(၅)ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းသည် စိတ်ကစဉ့်ကလျားဖြင့် ထွက်ပြေး စဉ် ဓာတ်မီးတိုင်အား   ဝင်ရောက်တိုက်မိခဲ့ခြင်း၊ ကွန်ကရစ်ထိုင်ခုံနှင့် အမှိုက်ကန်ပေါင်ကို   တိုက်မိခြင်းတို့ကြောင့်   သတိလစ်သွားခဲ့ပြီး အကျဉ်းထောင်ဆေးရုံအုပ်က ဦးခေါင်း ဝဲဘက်ဂျိုစောင်းအား လေးချက် ချုပ်ပေးခဲ့၍ ဆေးကုသမှုဆောင်ရွက်ပေးခဲ့ပါကြောင်း။
အကျဉ်းထောင်ဆေးရုံအုပ်၏  တင်ပြချက်အရ   အကျဉ်းသား ထက်ရန်နိုင်သည် ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် သတိကောင်းစွာ မရသဖြင့် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆက်လက် တင်ပို့ကုသပေးခဲ့ကြောင်း၊  အကျဉ်းသား  ထက်ရန်နိုင်သည် ဇွန် ၂၁ ရက်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့်မဟုတ်ဘဲ အဆုတ်နှင့်နှလုံး ရပ်ခြင်းရောဂါဖြင့် သေဆုံးခဲ့ခြင်းသာဖြစ်ကြောင်း၊  သေဆုံးအကျဉ်း သား၏ မိသားစုထံ ဆက်သွယ်အကြောင်းကြားပြီး ဘာသာထုံးတမ်း အစဉ်အလာနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည့်အတွက် Khit Thit Media ၏ ဖော်ပြမှုသည်  ပြည်သူအများ   အထင်အမြင် လွဲမှားစေရန်နှင့်  ထင်ယောင်ထင်မှားဖြစ်စေရန်   အဖျက်အမှောင့် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားထားခြင်းသာ  ဖြစ် သည်။               
ဝေဝေဖြိုး